Panasonic က လည်ပင်းမှာ ပတ်ထားရတဲ့ Wearable Gaming Speaker ကို မိတ်ဆက်

နားကြပ်တွေ ဝတ်ဆင်ပြီး ဂိမ်း ကစားရတာကို ဖီးလ်မလာတော့သူတွေအတွက် Panasonic က GN01 Wearable Gaming Speaker ကို ကြေညာလိုက်ပါတယ်။ နားမှာ တပ်ထားရတဲ့ ဒီဇိုင်း မဟုတ်ဘဲ လည်ပင်းမှာ ပတ်ထားရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Panasonic က သဘာဝကျတဲ့ Surround Sound ကို Speaker ၄ လုံးက ဖန်တီးပေးနိုင်တယ်လို့ ပြောပါတယ်။

GN01 မှာ Final Fantasy 14 Online Sound Team နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Gaming Mode ၃ မျိုး ပါလာပါတယ်။ Role Playing Game Mode က သဘာဝကျတဲ့ အသံတွေကို ဖန်တီးပေးနိုင်ပြီး First-person Shooter Mode က ခြေသံလို အသံတွေကို ကြားနိုင်ပါတယ်။ Gamer အချင်းချင်း ပြောတဲ့ အသံတွေကို ကျယ်ကျယ်ကြားချင်ရင် Voice Mode ကို သုံးနိုင်ပါတယ်။

GN01 မှာ Cinema, Music နဲ့ Stereo Mode တွေလည်း ထည့်သွင်းထားပြီး ရုပ်ရှင်၊ ဗီဒီယိုနဲ့ သီချင်းတွေ ကြည့်ရှု နားဆင်ရင် အရမ်းမိုက်ပါတယ်။ Panasonic က GN01 မှာ အရည်အသွေးမြင့် Noise & Echo Cancelling Dual Microphone ပါတယ်လို့ ပြောတဲ့အတွက် ပတ်ဝန်းကျင်က မလိုလားအပ်တဲ့ ဆူညံသံတွေကို ဖျောက်ပေးနိုင်ပါတယ်။

ဒါပေမယ့် မကောင်းတဲ့ အချက်က GN01 ဟာ Wireless မဟုတ်ဘဲ ၃ မီတာအရှည်ရှိတဲ့ ကြိုးကို သင့် ဂိမ်းစက် သို့မဟုတ် ပီစီမှာ ချိတ်ဆက်ရမှာပါ။ ၁၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး အောက်တိုဘာလမှာ ရောင်းချမှာပါ။ မြန်မာငွေ ၃ သိန်း ၃ သောင်းလောက် ကျသင့်နိုင်ပါတယ်။

Ref : techradar

%d bloggers like this: