Dimensity 720 နဲ့ 48MP ကင်မရာ ပါတဲ့ Samsung Galaxy M32 5G ကို ကြေညာ

Samsung ဟာ ဇွန်လက Galaxy M32 ကို ကြေညာခဲ့ပြီး အခုတော့ 5G Version ကို ချပြလိုက်ပါပြီ။ Samsung Galaxy M32 5G မှာ Dimensity 720 Chipset မောင်းနှင်ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ ဆော့ဖ်ဝဲအပိုင်း ပြောရရင် Android 11 အခြေပြု One UI 3.1 မောင်းနှင်ထားပြီး OS Update ၂ နှစ်အထိ ရမှာပါ။ လုံခြုံရေး ပိုကောင်းတဲ့ Samsung Knox Security Suite ထောက်ပံ့ထားပြီး Alt Z Mode က ဘေးဘက်ခလုတ်ကို နှစ်ချက်နှိပ်လိုက်တာနဲ့ Main နဲ့ Private Mode ကို မြန်မြန် ပြောင်းပေးပါတယ်။

Samsung Galaxy M32 5G announced: Dimensity 720, 48MP quad camera, and 5,000 mAh battery

Samsung Galaxy M32 5G မှာ ၆.၅ လက်မ HD+ Infinity V မျက်နှာပြင် တပ်ဆင်ထားတာက M32 ရဲ့ 90Hz FullHD+ ထက် အားနည်းသွားပါတယ်။ 5G ရဲ့ အရွယ်သေး Notch မှာ 13MP ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။

Samsung Galaxy M32 5G announced: Dimensity 720, 48MP quad camera, and 5,000 mAh battery

အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး 15W Charging ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Slate Black နဲ့ Sky Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။  6/128GB Version ကို ၂၀,၉၉၉ ရူပီးနဲ့ 8/128GB Version ကို ၂၂,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၄ သိန်း ၆ သောင်းနဲ့ ၅ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Samsung Galaxy M32 5G announced: Dimensity 720, 48MP quad camera, and 5,000 mAh battery

အိန္ဒိယမှာ စက်တင်ဘာလ ၂ ရက်နေ့ Samsung တရားဝင် ဝက်ဘ်ဆိုက်နဲ့ Amazon.in ကနေ ရောင်းချမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: