Android မှာ ဘက်ထရီ အားနည်းသွားတဲ့အခါ Notification နဲ့ အသိပေးတတ်ကြပါတယ်။ ဒါပေမယ့် သင့် ဖုန်းကို မကြည့်မိတဲ့အခါမှာ ဘက်ထရီ အားနည်းနေတာကို မသိနိုင်တော့ပါဘူး။ အဲဒီအတွက် ဘက်ထရီ အားနည်းသွားရင် ပိုပြီး ထိထိရောက်ရောက် အသိပေးနိုင်တဲ့ Notification Ringtone ကို ရယူထားနိုင်ပါတယ်။
ဒီဆောင်းပါးမှာ Battery Notifier BT App ကို အသုံးပြုမှာ ဖြစ်ပါတယ်။
၁။ Battery Notifier BT App ကို ဒီလင့် ကနေ Install လုပ်ပြီး Permissions အားလုံးကို ခွင့်ပြုပေးပါ။
၂။ App ကို ဖွင့်ပြီးရင် သင့် ဘက်ထရီ ပမာဏနဲ့ အပူချိန်တွေကို မြင်ရမှာပါ။
၃။ Settings ထဲသွားပြီး “Low battery charge options” ကို နှိပ်ပါ။ အဲဒီထဲမှာ ဘက်ထရီ ပမာဏ အခြေအနေ တစ်ခုရောက်သွားရင် အသိပေးနိုင်တဲ့ Option များစွာကို ရွေးချယ်နိုင်ပါတယ်။
၄။ အဲဒီမှာ Low battery level , Repeat interval , Vibration mode , Sound mode နဲ့ Notification ringtone တွေကို သင် နှစ်သက်သလို သတ်မှတ်နိုင်ပါတယ်။ Notification ringtone ကို နှိပ်ပြီး သင်နှစ်သက်တဲ့ Ringtone ကို ရွေးချယ်နိုင်ပါတယ်။
Ringtone ရွေးပြီးသွားရင် Save လုပ်ပြီး App ကို ပိတ်နိုင်ပါတယ်။ အဲဒါဆိုရင်တော့ သင့် ဖုန်း ဘက်ထရီဟာ သင် သတ်မှတ်ထားတဲ့ ဘက်ထရီ ပမာဏ ရောက်သွားရင် သင့်ကို Notification Ringtone နဲ့ ကျယ်ကျယ်လောင်လောင် အသိပေးမှာပါ။
Ref : techviral