Xiaomi ရဲ့ Mi Product Series ကို Xiaomi လို့ နာမည်ပြောင်းမည်

Xiaomi က စက်တင်ဘာလနောက်ပိုင်းကစပြီး Mi Product Series ကို Xiaomi လို့ နာမည်ပြောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ Xiaomi က ဒီလို ပြောင်းလဲတာကြောင့် Global Brand အနေနဲ့ ကိုက်ညီသွားမှာ ဖြစ်ပြီး Brand နဲ့ သူ့ Product တွေအကြားမှာ ကွာဟမှု နည်းသွားမယ်လို့ ပြောပါတယ်။ ဒီလို ပြောင်းလဲမယ့် အချိန်ဟာ နိုင်ငံအလိုက် ကွာခြားနိုင်တယ်လို့ သိရပါတယ်။ ဒီလ အစောပိုင်းက တရုတ်မှာ ကြေညာခဲ့တဲ့ Mi Mix 4 ကစကာ ပြောင်းလဲမှာ ဖြစ်ပြီး အဲဒီ ဖုန်းကို နိုင်ငံတကာမှာ Xiaomi Mix 4 နာမည်နဲ့ ရောင်းချမှာပါ။

Redmi Product Series တွေကိုလည်း Xiaomi Brand အောက်ကနေ ထုတ်လုပ် ရောင်းချမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Xiaomi နဲ့ Redmi Logo တွေကိုလည်း အသစ် ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Xiaomi နဲ့ Redmi ရဲ့ IoT Product တွေကိုလည်း အဲဒီနာမည်တွေအတိုင်း ရောင်းချမယ်လို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ “ Xiaomi Product တွေဟာ နည်းပညာ မြင့်မားပြီး စွမ်းရည်မြင့် အရသာကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ Redmi Product တွေကတော့ တီထွင်ဆန်းသစ်မှု မြင့်မားကာ ဈေးနှုန်းချိုသာပြီး လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Ref : fonearena

%d bloggers like this: