5,000mAh ဘက်ထရီ ပါတဲ့ တန်ဖိုးနည်း realme C21Y ကို ကြေညာ

realme က တန်ဖိုးနည်း C21Y ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး ၆.၅ လက်မ HD+ Dewdrop မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Resolution က 1600x720pixels ဖြစ်ပြီး Maximum Brightness က 400 nits ဖြစ်ပါတယ်။

Octa-core UNISOC T610 Processor မောင်းနှင်ထားပြီး Mali-G52 GPU ပါပါတယ်။ 3GB/4GB LPDDR4X RAM နဲ့ 32GB/64GB Storage တွေ ထုတ်လုပ်ထားပါတယ်။ Android 11 အခြေပြု realme UI ထည့်သွင်းထားပြီး TÜV Rheinland Smartphone High Reliability Certification ရရှိထားပါတယ်။ အနောက်ဘက်မှာ Geometric Art ဒီဇိုင်းကို အသုံးပြုထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 13MP Main , 2MP Macro နဲ့ 2MP Black & White တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး Reverse Charging ထောက်ပံ့ထားတဲ့အတွက် တခြား ဖုန်းတွေကို အားသွင်းနိုင်ပါတယ်။

realme C21Y specifications

  • 6.5-inch (1600 x 720 pixels) HD+ dewdrop display with 88.70% Screen-to-Body Ratio, 400nits (Typ) Brightness, 65% NTSC colour gamut
  • Octa-core 12nm UNISOC T610 processor – Dual Core Cortex A75 and Six Core Cortex A55 clocked up to 1.8GHz with Mali-G52 GPU
  • 3GB LPDDR4X RAM with 32GB (eMMC 5.1) internal storage / 4GB LPDDR4X RAM with 64GB (eMMC 5.1) internal storage, expandable memory with microSD
  • Dual SIM (nano + nano + microSD)
  • realme UI based on Android 11
  • 13MP (primary with f/2.2 aperture) + 2MP (macro with f/2.4 aperture) + 2MP (B&W with f/2.4 aperture)
  • 5MP front camera with f/2.4 aperture
  • Rear-mounted fingerprint scanner
  • Dimensions: 164.2×76.4×8.9mm; Weight: 190g
  • 3.5mm audio jack
  • Rear-mounted fingerprint scanner
  • Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5, GPS/AGPS/ GLONASS/ Beidou, micro USB
  • 5000mAh battery with 10W charging and support for reverse charging

realme C21Y အတွက် Cross Black နဲ့ Cross Blue ၂ ရောင် ထုတ်လုပ်ထားပြီး 3/32GB Version ကို ၈၉၉၉ ရူပီးနဲ့ 4/64GB Version ကို ၉၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်းနဲ့ ၂ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး ဒီလ ၃၀ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

ref : fonearena

%d bloggers like this: