50MP ကင်မရာနဲ့ 5,000mAh ဘက်ထရီ ပါတဲ့ vivo Y33s ကို ကြေညာ

vivo က အိန္ဒိယမှာ စွမ်းရည်သင့်  စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ vivo Y33s ဖြစ်ပြီး ၆.၅၈ လက်မ FHD+ Halo FullView မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Screen to body Ratio က ၉၀.၆ ရာခိုင်နှုန်းရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက မိုက်ပါတယ်။ MediaTek Helio G80 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ပါလာပါတယ်။ 4GB RAM ထပ်တိုးမြှင့်နိုင်တဲ့ လုပ်ဆောင်ချက်နဲ့ 1TB microSD Card Slot က မိုက်ပါတယ်။

ကင်မရာတွေအကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main , 2MP Depth , 2MP Macro ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ၁ လုံး တပ်ဆင်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာက ၀.၂၄ စက္ကန့်အတွင်း Unlock လုပ်ပေးနိုင်ပါတယ်။

Android 11 အခြေပြု Funtouch OS 11.1 မောင်းနှင်ထားပြီး Multi Turbo 5.0 နဲ့ Ultra Game Mode ထောက်ပံ့ထားပါတယ်။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး USB Type-C ကနေ အားသွင်းရမှာပါ။

Vivo Y33s specifications

  • 6.58-inch (2400×1080 pixels) FHD+ LCD screen
  • Octa Core MediaTek Helio G80 12nm processor (Dual 2GHz Cortex-A75 + Hexa 1.8GHz 6x Cortex-A55 CPUs) with up to 950MHz ARM Mali-G52 2EEMC2 GPU
  • 8GB LPDDR4x RAM, 128GB (eMMC 5.1) storage, expandable memory up to 1 TB with microSD
  • Dual SIM (nano + nano + microSD)
  • Android 11 with FunTouch OS 11.1
  • 50MP rear camera with LED flash, f/1.8 aperture, 2MP depth sensor and2MP macro with f/2.4 aperture
  • 16MP front-facing camera with f/2.0 aperture
  • Dimensions: 164.26×76.08×8mm; Weight: 182g
  • Side-mounted fingerprint sensor
  • 3.5mm audio jack
  • Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/ GLONASS/ Beidou, USB Type-C
  • 5000mAh battery with 18W fast charging

vivo Y33S announced in India with Helio G80 chipset and 5,000 mAh battery - GSMArena.com news

vivo Y33s အတွက် Mirror Black နဲ့ Middday Dream ၂ ရောင် ထုတ်လုပ်ထားပြီး ၁၇,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ ၄ သိန်းလောက် တန်ကြေးရှိပြီး အိန္ဒိယမှာ ရောင်းချပေးလိုက်ပါပြီ။ တခြား နိုင်ငံမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

ref : fonearena

%d bloggers like this: