Google ရဲ့ နောက်ထွက်မယ့် Android 12 OS ရဲ့ Beta Testers တွေက Android Auto for Phone Screens လုပ်ဆောင်ချက်ကို Google Assistant နဲ့ အစားထိုးလိုက်ပြီလို့ သတင်းပေးလာကြပါတယ်။ Android Auto ကို လုံးဝဖယ်ရှားထားလိုက်ပြီ ဖြစ်ပြီး အခုလို ပြောင်းလဲလိုက်တဲ့အတွက် In-care Experience ဟာ ပိုရိုးရှင်းလာပါတယ်။
သင့် စမတ်ဖုန်းမှာ Android 12 ကို Install လုပ်ထားပြီး ကားရဲ့ Android Auto နဲ့ ချိတ်ဆက်လိုက်ကာ သင့် ဖုန်းက Android Auto for Phone Screens ကို ဖွင့်ဖို့ ပြုလုပ်လိုက်တဲ့အခါ Google Assistant Driving Mode ကို အသုံးပြုပါဆိုတဲ့ အသိပေးစာပေါ်လာမှာ ဖြစ်ပါတယ်။ Android Auto ကို Car Screen အတွက်ပဲ ရရှိမယ်လို့လည်း အသိပေးမှာ ဖြစ်ပါတယ်။
အဲဒီအတွက် Android Auto အသုံးပြုထားတဲ့ ကားတွေမှာ ဆက်လက် အသုံးပြုနိုင်ဦးမှာ ဖြစ်ပြီး ဖုန်းမှာ အသုံးပြုတဲ့ နည်းလမ်းပဲ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Android 12 ရဲ့ Built-in Driving Experience အသစ်ရဲ့ လုပ်ဆောင်ချက်တွေက Android Auto for Phone Screens နဲ့ တူညီကြပြီး Google က Google Assistant မှာပဲ ကားအတွက် လုပ်ဆောင်ချက်တွေ ဆက်လက် ထည့်သွင်းမှာ ဖြစ်ပါတယ်။
Android Auto ဟာ ကားမောင်းနေစဉ်မှာ စမတ်ဖုန်းရဲ့ လုပ်ဆောင်ချက်နဲ့ App တွေကို ကားထဲက Display ကနေ အသုံးပြုနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဖုန်း ကိုင်စရာ မလိုတဲ့အတွက် အန္တရာယ်ကင်း ဘေးရှင်းစေပါတယ်။
Ref : gsmarena
You must log in to post a comment.