Asus က အကြမ်းခံတဲ့  Chromebook Detachable CZ1 ကို ကြေညာ

Asus က Chromebook တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပြီး ကီးဘုတ် တပ်ဆင်ကာ လက်ပ်တော့လိုပါ အသုံးပြုနိုင်ပါတယ်။ ASUS Chromebook Detachable CZ1 လို့ နာမည်ပေးထားပြီး ၁၀.၁ လက်မ FHD Touch Screen တပ်ဆင်ထားပါတယ်။ ဒစ်ဂျစ်တယ် ဘောပင် ထည့်သွင်းထားပြီး MIL STD 810H US Military စံနှုန်း ပါလာပြီး တုန်ခါမှုနဲ့ အမြင့်က ပြုတ်ကျတာကို ခံနိုင်ပါတယ်။

MediaTek Kompanio 500 SoC , 4GB RAM ပါလာပြီး ၁ ခါအားသွင်းထားရင် ၁၁ နာရီ အသုံးခံတဲ့ 27Wh ဘက်ထရီ တပ်ဆင်ထားပါတယ်။

ASUS Chromebook Detachable CZ1 (CZ1000)specifications

  • 10.1″ (1920 x 1200 pixels) glossy LCD touch screen with up to 400nits brightness 16:10 aspect ratio, 100% sRGB color gamut
  • Up to 2GHz MediaTek Kompanio 500 (8183) Octa-Core processor with Arm Mali-G72 MP3 GPU
  • 4GB LPDDR4X RAM, 64GB / 128GB (eMMC 5.1) storage, expandable memory card slot
  • Chrome OS
  • Soft Keyboard with 1.5mm Key-travel
  • 2MP front camera, 8MP rear camera
  • 1x 3.5mm Combo Audio Jack, Built-in speaker, Built-in microphone with Google Assistant voice-recognition support
  • Dimensions: 256.4 x 168.2 x 8.9~9mm; Weight: 500g
  • Wi-Fi 5 (802.11ac), Bluetooth 4.2, 1x USB 2.0 Type-C
  • US MIL-STD 810H military-grade standard
  • 27Wh 2-cell Li-ion battery with up to 11 hours of battery life, 45W AC adapter

Asus Chromebook Detachable CZ1 အတွက် အနက်ရောင်ပဲ ထုတ်လုပ်ထားပြီး 64GB Storage Version ကို ၃၅၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၈ သောင်းလောက်ကျသင့်မှာပါ။

Ref : fonearena

 

%d bloggers like this: