144HZ AMOLED မျက်နှာပြင်နဲ့  SD888+ ပါတဲ့ Asus ROG Phone 5s ကို ကြေညာ

Asus က နောက်မျိုးဆက် စွမ်းရည်မြင့် Gaming စမတ်ဖုန်းကို ကြေညာလိုက်ပါပြီ။ Asus ROG Phone 5s လို့ နာမည်ပေးထားပြီး ဒီနှစ် အစောပိုင်းက ချပြခဲ့တဲ့ ROG Phone 5 ရဲ့ မျိုးဆက် ဖြစ်ပါတယ်။ မျိုးဆက်သစ်မှာ ၆.၇၈ လက်မ Full HD+ AMOLED HDR မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 300Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။

Snapdragon 888+ Chipset မောင်းနှင်ထားပြီး 18GB RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်တာက တော်တော်မိုက်ပါတယ်။

ROG Phone 5s နဲ့ ROG Phone 5s Pro Version ၂ မျိုး ထုတ်လုပ်ထားပြီး 5s ဟာ ROG Phone 5 လိုပဲ ROG (RGB Light) Logo ပါလာပါတယ်။ 5s Pro မှာ ROG Vision Color PMOLED မျက်နှာပြင် ထည့်သွင်းထားပြီး အနောက်ဘက်က Logo မှာတောင် RGB Light ပါပါတယ်။ အဲဒါကို သင် နှစ်သက်တဲ့ အရောင်ပြောင်းလဲနိုင်ပါတယ်။

ASUS ROG Phone 5s specifications

  • 6.78-inch (2448 × 1080 pixels) Full HD+ 144Hz OLED 10-bit HDR 20.4:9 aspect ratio display, 300Hz touch sampling rate, 111% DCI-P3, sRGB : 150.89%, Delta E average <1%; Contrast ratio: 1,000,000:1, 10-bit HDR, 5 nits to 800nits @ APL100 + HBM or 1200nits @ APL1, Corning Gorilla Glass Victus protection
  • Up to 3GHz Octa Core Snapdragon 888+ 5nm Mobile Platform with Adreno 660 GPU
  • 16GB LPDDR5 RAM with 256GB (UFS 3.1) storage /  18GB LPDDR5 RAM with 512GB (UFS 3.1) storage
  • Android 11 with ROG UI
  • Dual SIM (nano + nano)
  • 64MP rear camera with Sony IMX686 sensor, 0.8μm pixel size, f/1.8 aperture, 13MP 125˚ ultra-wide camera with f/2.4 aperture, 5MP macro sensor with f/2.0 aperture, 8k video at 30 fps, 4k at 60fps, slow-motion 4K at 120 fps, 1080p at 240fps
  • 24MP front-facing camera with 0.9µm pixel size, f/2.0 aperture
  • 3.5mm audio jack, ESS Sabre ES9280AC Pro with HyperStream II QUAD DAC  architecture, Dual 7-magnet Linear 12x16mm front-facing speakers with GameFX & Dirac HD Sound, Powered by dual Cirrus Logic CS35L45 Mono AMP, Quad microphones with OZO Noise Reduction Technology
  • In-display fingerprint sensor, Ultrasonic sensors for AirTrigger 5 and grip press detection
  • Dimensions: 172.8×77.2×10.29mm; Weight: 238g
  • 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11ax, Bluetooth 5.2, GPS/GLONASS/Beidou, Galileo(E1+E5a), QZSS(L1+L5), NavIC(L5), USB Type-C, NFC
  • 6000mAh (typical) / 5800mAh (minimum) battery with 65W HyperCharge fast charging, supports up to 30W QC4.0 / PD3.0 / Direct Charge adapter

ROG Phone 5s အတွက် Phantom Black နဲ့ Aurora White ၂ ရောင် ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး 16GB/256GB Version ကို ၁,၀၇၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ROG Phone 5s Pro အတွက် Phantom Black ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး 18GB/512GB Version ကို ၁,၃၆၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁၇ သိန်းခွဲနဲ့ ၂၂ သိန်း ၄ သောင်းလောက် အသီးသီးကျသင့်နိုင်ပါတယ်။ ထိုင်ဝမ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၄ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: