iPhone 13 Series မှာ ပိုကြီးတဲ့ ဘက်ထရီ ပါလာမည်

iPhone 13 Series ဟာ iPhone 12 Series ထက် ပိုကောင်းလာမှာ သေချာပါတယ်။ အဲဒီအထဲမှာ ဘက်ထရီလည်း ပါဝင်ပြီး ပမာဏ ပိုကြီးလာမယ်လို့ သတင်းထွက်လာပါတယ်။ Millimeter-wave 5G ကွန်ရက်ကို နိုင်ငံတော်တော်များများမှာ ထောက်ပံ့ထားမှာ ဖြစ်ပြီး အတွင်းပိုင်း ဒီဇိုင်းကို ပြောင်းလဲထားမှာပါ။

iPhone 13 series

iPhone 13 Series အတွက် မော်ဒယ် ၄ ခု ထုတ်လုပ်ထားနိုင်ပြီး iPhone 13 , 13 Pro , 13 Pro Max နဲ့ Mini တို့ ဖြစ်ပါတယ်။ Pro Max က စွမ်းရည်အမြင့်ဆုံးနဲ့ Mini က စွမ်းရည် အနိမ့်ဆုံး ဖြစ်မှာပါ။ Pro Series မှာ Samsung 120Hz LTPO OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Adaptive Refresh Rate ထောက်ပံ့ထားမှာပါ။ Screen Usage အပေါ်မူတည်ပြီး 0 ကနေ 120Hz ကို အလိုလို ပြောင်းပေးမှာဖြစ်တဲ့အတွက် ဘက်ထရီစားတာ သက်သာစေမှာပါ။  60Hz Refresh Rate အထက် ထောက်ပံ့တဲ့ ပထမဆုံး iPhone တွေ ဖြစ်လာမှာပါ။

iPhone 13 Series ဟာ ကင်မရာ အပိုင်းမှာလည်း များစွာ တိုးတက်လာမှာဖြစ်ပြီး Notch ကလည်း အရွယ်အစား ပိုသေးငယ်သွားမှာပါ။ ဒါပေမယ့် ပြိုင်ဖက် စွမ်းရည်မြင့် Android ဖုန်းတွေမှာလို Notch ကို မဖျောက်နိုင်သေးတာက အားမရစရာ ဖြစ်ပါတယ်။

iPhone X ကစပြီး Apple ဟာ Touch ID လက်ဗွေရာ ကိရိယာ ထည့်သွင်းပေးခဲ့ပေမယ့် iPhone 13 Series မှာ မျက်နှာပြင်အောက်လက်ဗွေရာကိရိယာ ပါလာနိုင်တယ်လို့ သတင်းထွက်နေပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming Chi Kuo က Apple ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ iPhone 13 Series ကို ချပြဖို့စီစဉ်ထားတယ်လို့ မကြာခင်က သတင်းပေးခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ် ကပ်ရောဂါကြောင့် Apple ဟာ iPhone 12 နဲ့ 12 Pro ကို ၁ လလောက် နောက်ကျပြီးမှ ကြေညာခဲ့တာ ဖြစ်ပြီး iPhone 12 mini နဲ့ 12 Pro Max ကို နိုဝင်ဘာလကျမှ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ref : gizchina

%d bloggers like this: