Huawei က P50 Series စမတ်ဖုန်း အသစ်တွေနဲ့အတူ Watch GT 2 Pro ECG စမတ်နာရီနဲ့ Band 6 Pro စမတ်လက်ပတ်ကို ကြေညာလိုက်ပါတယ်။ အဲဒီ Pro မော်ဒယ် ၂ လုံးဟာ Standard Version တွေထက် အနည်းငယ်ပိုကောင်းလာပြီး Watch GT 2 Pro ECG မှာ Electrocardiogram Readings နဲ့ Band 6 Pro မှာ ကိုယ်ခန္တာအပူချိန် တိုင်းတာတဲ့ စွမ်းရည်တွေ ပါလာပါတယ်။၏
Watch GT 2 Pro ECG ရဲ့ အရွယ်အစားနဲ့ လုပ်ဆောင်ချက်တွေက အရင်နှစ်ထုတ် Watch GT 2 Pro နဲ့ တူညီပါတယ်။ ၁.၃၉ လက်မ AMOLED မျက်နှာပြင်၊ Glass Protection နဲ့ တိုက်တေနီယမ် ဖရိမ်တွေ တပ်ဆင်ထားပြီး နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှုနဲ့ စိတ်ဖိစီးမှု တိုင်းတာတဲ့ စွမ်းရည်တွေ ပါလာပါတယ်။ Huawei Lite OS မောင်းနှင်ထားပြီး Workout Modes ပေါင်း ၁၀၀ ကျော် ပါလာပါတယ်။ ၃,၀၈၈ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၈ သောင်းလောက်ရှိတဲ့အတွက် ဈေးမသေးပါဘူး။ နောက်လ ၁၂ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး အနက်ရောင် ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။
Band 6 Pro မှာ ၁.၄၇ လက်မ AMOLED မျက်နှာပြင်ပါလာပြီး နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ အိပ်စက်မှုနဲ့ စိတ်ဖိစီးမှု တိုင်းတာပေးတဲ့ စွမ်းရည်တွေ ထည့်သွင်းထားပါတယ်။ ကိုယ်ခန္တာ အပူချိန် တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်လည်း ပါလာပြီး Workout Modes ပေါင်း ၉၆ ခု ထည့်ထားပါတယ်။ ဘက်ထရီ သက်တမ်းက ၂ ပတ်အထိ အသုံးခံပြီး နောက်လ ၂၀ ရက်နေ့ ရောင်းမှာပါ။ ၄၄၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၁ သောင်းလောက် ကျသင့်မှာပါ။
Ref : gsmarena
You must log in to post a comment.