Xiaomi က Gorilla Glass Victus မျက်နှာပြင်နဲ့ Dimensity 1100 Chipset ပါတဲ့ Poco X3 GT ကို ကြေညာ

Xiaomi က Poco X3 GT ကို ကြေညာလိုက်ပြီး တရုတ်က Redmi Note 10 Pro ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်ပါတယ်။ Redmi Logo နေရာမှာ Poco Logo ပြောင်းလဲထားပါတယ်။

Poco X3 GT announced with Gorilla Glass Victus display and Dimensity 1100 chipset

Poco X3 GT မှာ ၆.၆ လက်မ IPS LCD FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ကြောင့် ဂိမ်းကစားရင် အရမ်းမိုက်မှာပါ။ Corning ရဲ့ နောက်ဆုံးထုတ် Gorilla Glass Victus နဲ့ မျက်နှာပြင်ကို ကာကွယ်ထားတဲ့ အတွက် အရမ်းကို အကြမ်းခံပါတယ်။ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပြီး အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

poco-x3-gt

MediaTek Dimensity 1100 Chipset မောင်းနှင်ထားပြီး 8GB RAM ထည့်ထားပါတယ်။ Storage အနေနဲ့ 128GB နဲ့ 256GB ၂ မျိုး ထုတ်လုပ်ပေးထားပြီး 67W Fast Wired Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီကတော့ သူ့ရဲ့ အမိုက်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ Android 11 အခြေပြု MIUI 12.5 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ၊ စတီရီယို စပီကာနဲ့ IR Blaster တွေ ထည့်သွင်းထားပါတယ်။

Poco X3 GT ရဲ့ 8/128GB ကို ၂၉၉ ဒေါ်လာနဲ့ 8/256GB ကို ၃၂၉ ဒေါ်လာ သတ်မှတ်ထားပြီး ၄ သိန်း ၉ သောင်းနဲ့ ၅ သိန်း ၄ သောင်း အသီးသီး ကျသင့်မှာပါ။ အရှေ့တောင်အာရှ၊ အရှေ့ အလယ်ပိုင်း၊ လက်တင်အမေရိကနဲ့ အာဖရိကမှာ ရောင်းချမှာပါ။

Ref : gsmarena

%d bloggers like this: