SD720G နဲ့ 44MP ဆဲလ်ဖီး ကင်မရာ ပါတဲ့ OPPO Reno6 4G ကို ကြေညာ

OPPO ဟာ မေလမှာ Reno6 5G ကို ကြေညာခဲ့ပြီး အခုတော့ 4G Version ကို ချပြလိုက်ပါပြီ။ 4G နဲ့ 5G ပဲ ကွာခြားရုံမက ဒီဇိုင်းနဲ့ တခြား Specs တွေပါ ကွဲပြားနေပါတယ်။ Reno6 5G မှာ ပြားချပ်တဲ့ ဒီဇိုင်းနဲ့ 4G မှာ ကွေးညွှတ်တဲ့ ဒီဇိုင်း သုံးထားပါတယ်။ 5G နဲ့ တူညီတာက 4G ရဲ့ အနောက်ဘက်ကို Reno Glow ဒီဇိုင်း တည်ဆောက်ထားတာပါ။ 4G ရဲ့ အလေးချိန်ဟာ ၇.၈ မီလီမီတာရှိတဲ့အတွက် ပိုထူပေမယ့် အလေးချိန်က ၁၇၃ ဂရမ်ရှိတဲ့အတွက် ပိုပေါ့ပါးပါတယ်။

4G version of OPPO Reno6 now official with Snapdragon 720 CPU | DroidAfrica

5G မှာ Dimensity 900 SoC ပါလာပြီး 4G မှာ Snapdragon 720G ပြောင်းသုံးထားပါတယ်။ 4G မှာ Android 11 အခြေပြု ColorOS 11.1 မောင်းနှင်ထားပါတယ်။ 5G ထက် 4G မှာ ဘက်ထရီက 10mAh ပိုများလာပေမယ့် အားသွင်းနှုန်းက 65W ကနေ 50W ကို လျှော့ချထားပါတယ်။

OPPO Reno 6 4G officieel | Specificaties | Prijs | Afsluiten - GizChina.it

ကင်မရာ အပိုင်းမှာလည်း ပြောင်းလဲမှုတွေရှိပါတယ်။ 4G ရဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Monochrome ကင်မရာ ၄ လုံး ပါလာပြီး ဆဲလ်ဖီး ကင်မရာက 32MP ကနေ 44MP ဖြစ်လာပါတယ်။

ဖုန်း ၂ လုံးရဲ့ တူညီတဲ့ အချက်က မျက်နှာပြင် ဖြစ်ပြီး 4G မှာ ၆.၄ လက်မ 90Hz FullHD+ AMOLED မျက်နှာပြင်နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ 8GB RAM , 128GB Storage , 3.5mm Headphone Jack နဲ့ NFC တွေ ထည့်သွင်းထားပြီး Aurora နဲ့ Stellar Black ၂ ရောင် ထုတ်လုပ်ထားပါတယ်။ အင်ဒိုနီးရှားမှာ ၃၆၀ ဒေါ်လာနဲ့ ရောင်းပေးထားပြီး ၅ သိန်း ၉ သောင်းလောက် ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: