OPPO က A93s 5G ကို ကြေညာလိုက်ပြီး A93 5G ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ အဓိက ကွာခြားချက်က Chipset ဖြစ်ပြီး ဖုန်း အသစ်မှာ MediaTek Dimensity 700 Chipset မောင်းနှင်ထားပါတယ်။ တခြား အစိတ်အပိုင်းအားလုံးနီးပါးက တူညီကြပါတယ်။
A93s 5G မှာ ၆.၅ လက်မ LCD Full HD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်သွင်းထားပြီး ဘယ်ဘက်အထက်မှာ 8MP Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားတာက A93 5G နဲ့ တူညီပါတယ်။ ဒါပေမယ့် ဒီဇိုင်းကို တော်တော်ပြောင်းလဲထားပြီး မော်ဒယ် အသစ်မှာ အနောက်ကင်မရာတွေကို L ပုံစံ နေရာချထားကာ LED Flash ကို ကင်မရာတွေအောက်မှာ တပ်ဆင်ထားပါတယ်။
ဘက်ထရီ ပမာဏကလည်း တူညီပြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ A93s 5G မှာ A93 မှာလိုပဲ 18W Charging ထောက်ပံ့ထားပြီး OPPO က ဘူးထဲမှာ 9V/2A Charger ထည့်သွင်းပေးထားပါတယ်။ A93s 5G မှာ Android 11 အခြေပြု ColorOS 11 မောင်းနှင်ထားပြီး Dual 5G Standby ပါပါတယ်။ နောက်ဆုံးထွက် Bluetooth နဲ့ WiFi စံနှုန်းတွေ ထည့်သွင်းထားပါတယ်။
OPPO A93s 5G အတွက် 8GB RAM နဲ့ 256GB Storage ထုတ်လုပ်ထားပြီး အနက်၊ အပြာနဲ့ အဖြူရောင် ရွေးချယ်နိုင်ပါတယ်။ တရုတ်မှာ ၁,၉၉၉ ယွမ် သတ်မှတ်ထားပြီး ၅ သိန်းလောက်တန်ကြေးရှိကာ ဒီလ ၃၀ ရက်နေ့ ရောင်းမှာပါ။
Ref : gsmarena
You must log in to post a comment.