၁ နှစ်ကျော် အကြာက မြစ်ထဲ ကျသွားခဲ့တဲ့ iPhone ၁ လုံးကို ငါးဖမ်းသမား ရှာတွေ့ခဲ့

Apple iPhone တွေဟာ စွမ်းဆောင်ရည်နဲ့ ဒီဇိုင်း လန်းသလို အကြမ်းခံရာမှာလည်း နာမည်ကြီးပါတယ်။ Apple ဟာ iPhone တွေမှာ အမိုက်စား စွမ်းရည်တွေ အမြဲ ထည့်သွင်းပေးနေပါတယ်။ အဲဒီအထဲက တစ်ခုက Power Bank ၁ ခုလို အသုံးပြုနိုင်တဲ့ Magsafe Charger ဖြစ်ပါတယ်။

ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ iPhone တွေကို ပိုင်ရှင်တွေ ပြန်လည် ရှာတွေ့ခဲ့တဲ့ သတင်းတွေ အရင်က ဖတ်ခဲ့ရဖူးပါတယ်။ အခုလည်း အမေရိကန် ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနား ပြည်နယ် Horry County မှ ငါးဖမ်း သမား တစ်ယောက်ဟာ မြစ်ထဲ ကျနေတဲ့ iPhone ၁ လုံးကို မတော်မဆ ဖမ်းယူမိခဲ့ပါတယ်။ သူဟာ ဒီလ ၁၈ ရက်နေ့က Waccamaw မြစ်ထဲမှာ ငါးမျှားခဲ့ပြီး ငါးအနည်းငယ် ဖမ်းမိပြီးနောက်မှာ iPhone Magsafe Charger နဲ့ ငါးဖမ်းကြိုးငြိသွားခဲ့ပါတယ်။

သူဟာ ကြိုးကို ဆွဲတင်ပြီးနောက်မှာ iPhone ၁ လုံး ဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ iPhone Case မှာ အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဓါတ်ပုံ ပါလာတာကိုတွေ့ရပြီး သူက အဲဒီ ဓါတ်ပုံကို သန့်ရှင်းရေးလုပ်ကာ Facebook မှာ တင်ခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ ပိုင်ရှင် အမျိုးသမီးကို သူရှာတွေ့ခဲ့ပါတယ်။

ပိုင်ရှင်အမျိုးသမီးက အဲဒီ ဖုန်း မြစ်ထဲမှာ ကျပျောက်သွားတာ ၁ နှစ်ကျော်နေပြီလို့ ပြောပြပါတယ်။ အဲဒီ iPhone ဟာ အကောင်းအတိုင်း ရှိသေးလား ဆိုတာကို မသိရသေးပါဘူး။ Apple iPhone တွေဟာ ရေထဲကျပျောက်သွားပြီးနောက် ကာလရှည်ကြာ ကြာပြီးတဲ့ အချိန်မှာတောင် အကောင်းအတိုင်း ရှိနေသေးတဲ့ သတင်းများစွာ ဖတ်ခဲ့ရဖူးပါတယ်။ အခု iPhone ဟာလည်း အကောင်းအတိုင်း ရှိနေသေးလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gizmochina

%d bloggers like this: