67W Charging ပါတဲ့ Poco F3 GT ကို ကြေညာ

Poco က F3 GT ဖုန်း အသစ်ကို ကြေညာလိုက်ပြီး Xiaomi Redmi K40 Gaming Edition နဲ့ အများကြီး တူပါတယ်။ Poco F3 GT ဟာ Gaming ဖုန်း ဒီဇိုင်း ဖြစ်ပြီး ၆.၆၇ လက်မ AMOLED FHD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 120Hz Refresh Rate ပါတဲ့အတွက် ဂိမ်း ကစားရင် အရမ်း မိုက်ပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး ညာဘက်မှာ Pop-up Gaming Triggers တပ်ဆင်ထားပါတယ်။

Poco F3 GT announced with Dimensity 1200, maglev triggers and 67W charging

MediaTek Dimensity 1200 SoC မောင်းနှင်ထားပြီး 6/8GB Dual-channel UFS 3.1 RAM နဲ့ 128/256GB UFS 3.1 Storage ထည့်သွင်းထားပါတယ်။ အရွယ်ကြီး Vapor Chamber ပါတဲ့အတွက် အပူလွန်ကဲမှုကို လျှော့ချပေးပြီး ဂိမ်း ကစားရင် စွမ်းရည်မြှင့်ပေးတဲ့ Game Turbo လုပ်ဆောင်ချက် ပါပါတယ်။

Poco F3 GT announced with Dimensity 1200, maglev triggers and 67W charging

အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 67W Charging ပါတဲ့ 5,065mAh ဘက်ထရီက အမိုက်ဆုံးပါ။ Android 11 အခြေပြု MIUI 12.5 မောင်းနှင်ထားပြီး အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပါတယ်။

ဒီလ ၂၆ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာ ဖြစ်ပြီး 6/128GB ကို ၂၅,၉၉၉ ရူပီးနဲ့ 8/128GB ကို ၂၇,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၇ သောင်းနဲ့ ၆ သိန်း ၂ သောင်းလောက် ကျသင့်မှာဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: