Xiaomi က Samsung ကို ကျော်တက်ပြီး ရုရှားမှာ ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်လာ

Xiaomi ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး တရုတ် ပြင်ပမှာ ဈေးကွက်တိုးချဲ့နေပါတယ်။ အိန္ဒိယမှာလည်း တော်တော် အောင်မြင်နေပြီး ကုမ္ပဏီဟာ တခြား နိုင်ငံတွေမှာလည်း နံပါတ် ၁ ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်အောင် ရည်ရွယ်ထားပါတယ်။ အခုတော့ Xiaomi ဟာ ရုရှားမှာ ဇွန်လအတွင်း စမတ်ဖုန်း ရောင်းအား အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Xiaomi Mi Logo 2021 Featured A

ရုရှားက MTS Store Chain က Xiaomi က Xiaomi ဟာ ဈေးကွက်ဝေစု ၃၁.၂ ရာခိုင်နှုန်းနဲ့ နံပါတ် ၁ နေရာကို သိမ်းပိုက်ခဲ့ပြီး Samsung က ၂၉.၈ ရာခိုင်နှုန်းရခဲ့တယ်လို့ ပြောပါတယ်။ Apple က ၁၄.၅ ရာခိုင်နှုန်းနဲ့ နံပါတ် ၃ ၊ realme က ၄.၆ ရာခိုင်နှုန်းနဲ့ နံပါတ် ၄ နေရာတွေကို ရယူထားပါတယ်။ နံပါတ် ၅ နေရာကို Xiaomi ရဲ့ ကုမ္ပဏီခွဲ ဖြစ်တဲ့ POCO က ၃.၈ ရာခိုင်နှုန်းနဲ့ ပိုင်ဆိုင်ထားတဲ့အတွက် Xiaomi ရဲ့ ဈေးကွက်ဝေစုဟာ တော်တော်ကြီးလာပြီလို့ ပြောရမှာပါ။ ဒါပေမယ့် ငွေကြေး အမြတ်ရမှုနဲ့ ပတ်သက်ရင်တော့ Apple ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။

Xiaomi could be preparing to open 100 new Mi stores in Russia

M.Video-Eldorado (Retail Chain) ကလည်း POCO အပါအဝင် Xiaomi ဟာ ဇွန်လအတွင်း ရုရှားမှာ စမတ်ဖုန်း ရောင်းအား အကောင်းဆုံးလို့ တရားဝင် အတည်ပြုပေးလိုက်ပါတယ်။ ဒါပေမယ့် Samsung ဟာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်နဲ့ ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ စမတ်ဖုန်း ရောင်းအား အများဆုံး အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။ Xiaomi ရောင်းအား ပိုများတာက ဇွန်လ တစ်လထဲ ဖြစ်ပါတယ်။ အနာဂတ်မှာ Xiaomi ဟာ Samsung ကို ကျော်တက်ပြီး နံပါတ် ၁ နေရာကို သိမ်းပိုက်နိုင်မလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။

Xiaomi ဟာ ထုတ်ကုန် အမျိုးအစား များစွာကို မျှတစွာ ထုတ်လုပ်နိုင်သလို ရုရှားမှာလည်း နာမည်တော်တော်ကြီးလာပါတယ်။ ရုရှားမှာ Xiaomi နဲ့ Samsung ပြီးရင် Apple , realme နဲ့ Honor တို့က လူကြိုက်များပါတယ်။ M.Video-Eldorado က ဒီနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း ရုရှား စမတ်ဖုန်း ဈေးကွက်ဟာ ၃၀၀ ဘီလီယမ် ရူဘယ်လောက် ရှိတယ်လို့ တွက်ချက်ထားပြီး အရင်နှစ်ကထက် ၃၀ ရာခိုင်နှုန်း တိုးတက်လာတာပါ။

Ref : gizmochina

%d bloggers like this: