50MP OIS ကင်မရာနဲ့ 65W Warp Charge ပါတဲ့ OnePlus Nord 2 5G ကို ကြေညာ

OnePlus က Flagship Killer ဖုန်း အသစ် တစ်လုံးကို ကြေညာလိုက်ပါတယ်။ Nord 2 လို့ နာမည်ပေးထားပြီး ထိပ်တန်း Specs တွေ ထည့်သွင်းထားပေမယ့် စွမ်းရည်သင့် ဖုန်း ဈေးလောက်ပဲရှိတာက အရမ်း မိုက်ပါတယ်။ Nord 2 မှာ ၆.၄၃ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်သွင်းထားပါတယ်။

これ待望のNord!「OnePlus Nord 2 5G」のスペック・価格・発売日情報【日本発売期待】

အရင်နှစ်ထုတ် မော်ဒယ်မှာလို ဆဲလ်ဖီးကင်မရာ ၂ လုံး မပါလာဘဲ 32MP ၁ လုံးပဲ တပ်ဆင်ထားပါတယ်။ ပိုကောင်းလာတာက အရင်မော်ဒယ်မှာ စပီကာ ၁ လုံးပဲ ထည့်ပေးထားပြီး Nord 2 မှာ ၂ လုံး ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Sony IMX 766 Sensor ပါလာတာက OnePlus 9 Pro နဲ့ တူညီပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုအတွက် OIS ထောက်ပံ့ထားပြီး ဓါတ်ပုံ ၂ ပုံကနေ အမိုက်စား ၁ ပုံ ဖန်တီးပေးနိုင်တဲ့  Digital Overlap HDR (DOL-HDR) ပါပါတယ်။ ပင်မ ကင်မရာနဲ့အတူ 8MP Ultrawide နဲ့ 2MP Monochrome ကင်မရာ ၂ လုံး ပူးတွဲထားပါတယ်။

OnePlus Nord 2 5G Impressions | Engadget

OnePlus ဟာ Qualcomm Chipsets တွေကိုပဲ မှီခိုလာခဲ့ပေမယ့် အခုတော့ MediaTek Dimensity 1200 AI SoC ကို သုံးထားပါတယ်။ 6GB, 8GB , 12GB RAM နဲ့ 128GB , 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ အမိုက်စား 65W Warp Charge ပါတဲ့ 4,500mAh ဘက်ထရီ ထောက်ပံ့ထားပြီး ၂ ရက်လောက် အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ မိနစ် ၃၀ အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ဆော့ဖ်ဝဲအကြောင်းပြောရရင် Android 11 အခြေပြု Oxygen OS 11.3 မောင်းနှင်ထားပြီး OnePlus က အဓိက Android Update ၂ ခုနဲ့ သုံးနှစ်ကြာ Security Update ပေးမယ်လို့ ကတိပေးထားပါတယ်။

OnePlus Nord 2 5G debuts with Dimensity 1200, 50MP OIS main cam and 65W Warp Charge

Nord 2 အတွက် Blue Haze , Gray Sierra နဲ့ အနောက်ဘက် သားရေကာဗာပါတဲ့ Green Woods ၃ ရောင် ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 6/128GB ကို ၃၉၉ ယူရို သတ်မှတ်ထားပြီး ၇ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ ဥရောပနဲ့ အိန္ဒိယမှာ ဒီလ ၂၈ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena

%d bloggers like this: