6,000mAh ဘက်ထရီ ပါတဲ့ Samsung Galaxy M21 2021 Edition ကို ကြေညာ

Samsung ဟာ ၂၀၂၀ ခုနှစ်မှာတန်ဖိုးနည်း စွမ်းရည်သင့် Galaxy M21 ကို ကြေညာခဲ့ပြီး လုပ်ဆောင်ချက်တွေဟာ ပေးရတဲ့ ဈေးထက် ပိုကောင်းတဲ့အတွက် လူကြိုက်များခဲ့ပါတယ်။ အခုတော့ Samsung က အဲဒီဖုန်းရဲ့ ၂၀၂၁ ခုနှစ် မော်ဒယ်ဖြစ်တဲ့ Galaxy M21 2021 Edition ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။

Samsung Galaxy M21 2021 Edition

Samsung Galaxy M21 2021 Edition မှာ ၆.၄ လက်မ Full HD+ Infinity-U Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး 420nits Brightness ထောက်ပံ့ထားပါတယ်။ Corning Gorilla Glass 3 နဲ့ မျက်နှာပြင်ကို ကာကွယ်ထားပါတယ်။

Samsung Galaxy M21 2021 Edition

Samsung Galaxy M21 2021 Edition မှာ Exynos 9611 SoC မောင်းနှင်ထားပြီး 6GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ 4GB LPDDR4x RAM Version ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ Version ၂ ခုစလုံးအတွက် 128GB နဲ့ 64GB UFS 2.1 Storage ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ 512GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာများစွာ သိမ်းနိုင်ပါတယ်။ အမိုက်ဆုံး အစိတ်အပိုင်းက 6,000mAh ဘက်ထရီ ဖြစ်ပြီး USB-C ကနေ 15W Charging နဲ့ အားသွင်းနိုင်ပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 5MP Depth ကင်မရာ ၃ လုံးနဲ့အတူ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာအတွက် 20MP ကို သုံးထားပြီး Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပါတယ်။ မကြာခင်မှာ Android 11 ရမယ်လို့ ထင်ပါတယ်။

Samsung Galaxy M21 2021 Edition ရဲ့ 4/64GB ကို ၁၂,၄၉၉ ရူပီးနဲ့ 6/128GB ကို ၁၄,၄၉၉ ရူပီး သတ်မှတ်ထားပြီး ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်နိုင်ပါတယ်။ ဒီလ ၂၆ ရက်နေ့မှာ Amazon.in နဲ့ Samsung.com တို့ကနေ အိန္ဒိယမှာ ရောင်းချမှာပါ။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina

%d bloggers like this: