Xiaomi က Redmi Buds 3 Pro ကို ကြေညာ

ဒီနှစ် မေလမှာ Xiaomi က တရုတ်မှာ Redmi AirDots 3 Pro True Wireless နားကြပ်ကို ကြေညာခဲ့ပါတယ်။ အခုတော့ Xiaomi က အဲဒီ နားကြပ်ကိုပဲ နိုင်ငံတကာမှာ Redmi Buds 3 Pro နာမည်နဲ့ မိတ်ဆက်လိုက်ပါတယ်။ ဒေါ်လာ ၆၀ သတ်မှတ်ထားပြီး မြန်မာငွေ ၉၈,၀၀၀ လောက် ကျသင့်မှာပါ။ စောစောဝယ်ယူသူတွေအတွက် ဒေါ်လာ ၄၀ နဲ့ ရောင်းချပေးနေပါတယ်။

redmi-buds-3-pro

Redmi Buds 3 Pro ရဲ့ Specs တွေဟာ Redmi AirDots 3 Pro နဲ့ တူညီပါတယ်။ 9mm Drivers နဲ့ Noise Cancellation နဲ့ ဖုန်းပြောဖို့ အတွက် မိုက်ကရိုဖုန်း ၃ လုံး တပ်ဆင်ထားပါတယ်။ နားကြပ်ရဲ့ Adaptive Noise Cancellation လုပ်ဆောင်ချက်က အပြင်ဘက်က ဆူညံသံတွေကို 35dB နဲ့ ပိတ်ပင်ပေးနိုင်ပြီး Latency က 69ms ပဲရှိတဲ့အတွက် အသံနောက်ကျတာကို များစွာ လျှော့ချပေးနိုင်ပါတယ်။

Redmi Buds 3 Pro announced as the global version of the Air Dots 3 Pro

ဆက်သွယ်မှုအပိုင်းမှာ Bluetooth 5.2 ထောက်ပံ့ထားပြီး Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်ပေးနိုင်ပါတယ်။ ဘက်ထရီ သက်တမ်းက Charging Case က ဘက်ထရီပါပါရင် ၂၈ နာရီ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Charging Case မှာ USB Type C Port တစ်ခု တပ်ဆင်ထားပြီး Qi Wireless Charging လည်း ထောက်ပံ့ထားပါတယ်။

Redmi Buds 3 Pro အတွက် အနက်နဲ့ အညို ၂ ရောင် ထုတ်လုပ်ပေးထားပြီး Aliexpress ကနေ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ စောစောဝယ်ယူသူတွေအတွက် ဒေါ်လာ ၆၀ အစား ဒေါ်လာ ၄၀ ပဲပေးရမှာ ဖြစ်ပါတယ်။

Ref : gizmochina

%d bloggers like this: