Xiaomi Mi Mix 4 ရဲ့ အဓိက Specs တွေပေါက်ကြားလာ

Xiaomi ဟာ စွမ်းရည်မြင့် Mi Mix 4 ကို တရုတ်မှာ ဩဂုတ်လအတွင်း MIUI 13, Mi CC11, Mi Pad 5 တို့နဲ့အတူ ကြေညာမယ်လို့ သတင်းပေါက်ကြားလာပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Mi Mix 4 ရဲ့ အဓိက Specs တွေ ထွက်လာပါတယ်။

Mi Mix 4 မှာ ၆.၆၇ လက်မ FHD+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး ထောင့်စွန်းတွေက လုံးဝိုင်းမှာပါ။ Snapdragon 888 Chipset မောင်းနှင်ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီပါလာမှာပါ။ OLED Screen အောက်မှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ မြှပ်နှံထားမှာပါ။

Xiaomi Mi MIX Alpha Featured

Mi Mix 4 မှာ 120W Rapid Charging , 70W or 80W Fast Wireless Charging တွေ ပါလာနိုင်ပြီး အနောက်ဘက်က ကင်မရာ ၃ လုံးထဲမှာ 50MP Samsung GN1 Sensor ထည့်သွင်းထားနိုင်ပါတယ်။ Mi 11 Ultra 5G မှာလို အပို မျက်နှာပြင်တစ်ခု မပါလာနိုင်ပါဘူး။ Mi Mix 4 မှာ LPDDR5 RAM နဲ့ UFS 3.1 အတွက် Chip ဖြစ်တဲ့ Micron uMCP5 ထည့်သွင်းထားနိုင်ပြီး ၂၂၆ ဂရမ်လောက် အလေးချိန်ရှိနိုင်ပါတယ်။ ဒီသတင်းအချက်အလက်တွေဟာ လက်ရှိမှာ ကောလဟာလ အဆင့်ပဲ ရှိသေးတဲ့အတွက် လုံးဝ မှန်ကန်တယ်လို့ မပြောနိုင်သေးပါဘူး။

Xiaomi fans imagine the Xiaomi Mi Mix 4 with a design very similar to the futuristic Mi Mix Alpha - xiaomist

မကြာခင်က ပေါက်ကြားခဲ့တဲ့ သတင်းအရ Mi Mix 4 မှာ မျက်နှာပြင်အောက် ကင်မရာ ထည့်သွင်းထားတဲ့အတွက် လုံးဝ ဘောင်ပျောက် မျက်နှာပြင် အရသာကို ခံစားရမယ်လို့ သိရပါတယ်။ မျက်နှာပြင်ဟာ ထူးခြားဆန်းသစ်တဲ့ Viewing Experience ကို ထောက်ပံ့ပေးနိုင်ပြီး ၉၂၄ ဒေါ်လာလောက်နဲ့ ရောင်းနိုင်တဲ့အတွက် ဈေး မသေးပါဘူး။ မြန်မာငွေနဲ့တွက်ရင် ၁၅ သိန်းလောက် ကျသင့်နိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: