Global Smartphone Brand တစ်ခုဖြစ်သည့် vivo သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်လာခဲ့သည်မှာ ၇ နှစ်ပြည့်မြောက်ခဲ့ပြီ

vivo သည် အနာဂတ်တွင် မြန်မာနိုင်ငံအတွက် 5G စမတ်ဖုန်းများ ထုတ်လုပ်ရန် ရည်ရွယ်ထားသည့်အပြင် ဆက်လက်၍ Customer များအတွက် Mobile Photography အတွေ့အကြုံများ မြှင့်တင်ပေးရန် ပိုမိုတိုးတက်လာသည့် နည်းပညာများကိုဖော်ထုတ်လုပ်ဆောင် သွားမည်ဖြစ်သည်။

 

မြန်မာ၊ ဇူလိုင် ၁၇၊ ၂၀၂၁– ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ၇ နှစ်မြောက် နှစ်ပတ်လည်ကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ ယခုလို  vivo ကို ၇ နှစ်တိုင်တိုင် အောင်မြင်မှုများ ရရှိလာစေရန် စဉ်ဆက်မပြတ်အားပေးခဲ့ကြသည့် မိတ်ဖက်များ၊ ဝန်ထမ်းများ၊ Suppliers များ၊ ဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း vivo မှ ဆက်လက် ကြေညာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် vivo သည် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမဟာဗျူဟာနှင့် ပြည်ပသို့ စျေးကွက်တိုးချဲ့ရန်အတွက် တောင်အာရှစျေးကွက်အတွင်း ပထမဦးဆုံး ဝင်ရောက် ရင်းနှီးမြုပ်နှံခဲ့ပြီး ဌာနခွဲဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ နှစ်၏ ဇူလိုင်လတွင် vivo သည် မြန်မာ့ဈေးကွက်သို့ စတင် ဝင်ရောက်ခဲ့ပြီး ထိုအချိန်မှစ၍ vivo သည် မြန်မာလူမျိုးများ၏ နေ့စဉ်ဘဝတွင် တစ်စိတ်တစ်ပိုင်းအဖြစ် နေရာယူလာခဲ့ပြီး သုံးစွဲသူများ လိုလားသည့် စမတ်ဖုန်းများကို စဉ်ဆက်မပြတ် တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။

 

ဈေးကွက်ရှာဖွေရေး သုတေသနပြုချက်များအရ vivo ၏ V စီးရီး ၊ Y စီးရီးနှင့် S စီးရီး စမတ်ဖုန်းများသည် မြန်မာနိုင်ငံအတွင်း လူကြိုက်များသည့် ဖုန်းများဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။ vivo ၏ ကင်မရာ ဆန်းသစ်မှု၊ ဒီဇိုင်းပိုင်း အသားပေးထားမှုနှင့် အသုံးပြုသူများကို ဦးစားပေးထားခြင်းသည် လူငယ်များအကြား vivo စမတ်ဖုန်းများကို လူကြိုက်များစေသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်။ vivo မှ သုံးစွဲသူများအတွက် ပြီးပြည့်စုံသည့် ဆန်းသစ်တီထွင်မှုများပေးနိုင်ရန် အမြဲ ကြိုးပမ်းလျက်ရှိသည်။ vivo V စီးရီးများတွင် ကင်မရာ features များစွာ ထည့်သွင်းပေးထားခြင်း၊ ရှေ့ ကင်မရာ စနစ်တွင် OIS ပါဝင်ခြင်း၊ V21 စီးရီးအတွက် Selfie Spotlight များ ထည့်သွင်းပေးထားခြင်းဖြင့် vivo မှ Mobile Photography နှင့် Night Photography တို့၏ စံနှုန်းများကို အကောင်းဆုံး ပြန်လည် မြှင့်တင်နိုင်ခဲ့သည်။ vivo Y31 , Y12s နှင့် Y51 ကဲ့သို့သော Y စီးရီး စမတ်ဖုန်းများ၏ အောင်မြင်မှုသည် လူငယ်များ အကြိုက် စွမ်းဆောင်ရည်မြင့်သည့် စမတ်ဖုန်းများကို ဈေးနှုန်း ချိုသာစွာဖြင့် ရရှိနိုင်သည်ကို သက်သေပြနိုင်ခဲ့သည်။ ထို့ကြောင့် vivo သည် စမတ်ဖုန်းများ၏ ဒီဇိုင်းများကို စတင် ဖန်တီးနေစဉ်အတွင်း လူငယ်များ၏ အကြိုက်ကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ထားသည်။

 

မြန်မာနိုင်ငံအတွင်း ၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့် vivo Mobile Myanmar CEO ဖြစ်သူ Mr.Nelson Ni က “ကျွန်တော်တို့ vivo အနေနဲ့ မြန်မာနိုင်ငံမှာ ခုနစ်နှစ်ပြည့်သွားပါပြီ။ ပထမဦးဆုံးအနေနဲ့ ပြောချင် တာကတော့ ကျွန်တော်တို့ vivo မိသားစုဝင်တွေ ဒီနှစ်တွေတစ်လျှောက်လုံး သူတို့ရဲ့ မနားမနေ ကြိုးစားအားထုတ်မှုတွေနဲ့ ပံ့ပိုးမှုတွေအတွက် ချီးကျူးလိုပါတယ်။ ဒုတိယအချက်ကတော့ vivo နဲ့ ဆက်နွယ်နေတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့ အားလုံးဟာ vivo ရဲ့ ဖန်တီးမှုတွေအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့တဲ့အတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးနဲ့ အရေးအပါဆုံးအချက်ကတော့ သုံးစွဲသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ဖုန်းနဲ့ အမှတ်တံဆိပ်အပေါ် အမြဲမပြတ်ယုံကြည်ခဲ့တာကြောင့် vivo လည်း ရပ်တည်နိုင်တာဖြစ်ပါတယ်။ vivo ဟာ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြီးတော့ Customer တွေအတွက် ဝန်ဆောင်မှုပေးဖို့၊ တိုးတက်စေဖို့နဲ့ ဖြန့်ချိနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

တစ်ကမ္ဘာလုံး အတိုင်းအတာမှာလည်း vivo သည်  အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့သည်။ Canalys မှ ထုတ်ပြန်သော ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်းစျေးကွက် အချက်အလက်များအရ vivo သည် စျေးကွက်ဝေစု

၁၀ ရာခိုင်နှုန်းဖြင့် အဆင့် ၅ တွင် ရောက်ရှိခဲ့သည်။ Counterpoint ၏ ဒေတာအချက်အလက်များအရ တောင်အာရှ ဈေးကွက်တွင်လည်း  ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် vivo ၏ စျေးကွက်ဝေစုသည်  ၁၆ ရာခိုင်နှုန်း ရှိပြီး vivo အမှတ်တံဆိပ်သည် တတိယနေရာတွင် ရှိနေသည်။ IDC Report အရ ၂၀၂၀ ၏ စတုတ္ထသုံးလပတ်တွင် vivo သည် အာရှရှိ တင်ပို့မှု၏ ထိပ်ဆုံးတွင်ရှိခဲ့သည်။ Strategy Analytics အချက်အလက်များအရ vivo အမှတ်တံဆိပ်သည် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာပေါ်တွင် ဒုတိယအလျင်မြန်ဆုံး တိုးတက်လာသည့် 5G စမတ်ဖုန်း အမှတ်တံဆိပ် ဖြစ်လာသည်။

 

COVID-19 ကူးစက်ရောဂါကြောင့် လူတိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ ဤအကျပ်အတည်း ကာလအတွင်း ဝန်ထမ်းများ၏ လုံခြုံရေးသည် vivo အတွက် အဓိက ဦးစားပေးဖြစ်ခဲ့သည်။ vivo မှ မြန်မာနိုင်ငံအတွင်းရှိ ဝန်ထမ်းများအတွက် အလုပ်နှင့်ဘဝ မျှတမှုရှိစေရန် အလုပ်ပိတ်ခြင်းနှင့် အလုပ်အကိုင်သင်တန်းများကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် နည်းလမ်းများစွာဖြင့် စီစဉ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကူးစက်ရောဂါသည် ဒစ်ဂျစ်တယ် ခေတ်သစ်တစ်ခုကို စတင်စေခဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။ စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုအနေဖြင့် vivo သည် သုံးစွဲသူများအတွက် လွယ်ကူစွာ အသုံးပြုနိုင်သော အတွေ့အကြုံများရရှိစေရန် အရည်အသွေးမြင့်မားသည့်  စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ပေးစွမ်းနိုင်ရန် ကတိကဝတ်ပြုထားသည်။

 

vivo သည် Benfen အတွေးအခေါ်ကို ယုံကြည်သည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး vivo မှ  ထုတ်ကုန်အသစ်များ မိတ်ဆက်ခြင်းဖြင့် စမတ်ဖုန်း နည်းပညာကို ပိုမိုတိုးတက်စေရန် မျှော်လင့်သည်။ မြန်မာနိုင်ငံတွင် 5G အသုံးပြုနိုင်ခြင်းသည် နိုင်ငံအတွင်း နည်းပညာတိုးတက်လာမှု၏ သင်္ကေတသစ်တစ်ခု ဖြစ်လိမ့်မည်ဖြစ်ရာ vivo မှလည်း အနာဂတ်တွင် မြန်မာနိုင်ငံအတွက် 5G စမတ်ဖုန်းများ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။ vivo သည် ကင်မရာ ဆန်းသစ်တီထွင်မှု လုပ်ငန်းစဉ်တွင် အပြောင်းအလဲများ ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်၍ Customer များအတွက် Mobile Photography အတွေ့အကြုံများ မြှင့်တင်ပေးရန် ပိုမိုတိုးတက်လာသည့် နည်းပညာများကိုဖော်ထုတ်ရန် မျှော်လင့်သည်။

vivo အကြောင်း

 

vivo သည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ vivo သည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။ vivo ၏ ဆန်းသစ် တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့် Benfen* ကဲ့သို့ အချက်များဖြစ်ပြီး vivo သည် ရေရှည်တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

 

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်း vivo သည် စားသုံးသူများအတွက် 5G၊ Artificial intelligence ၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက် Shenzhen၊ Dongguan၊ Nanjing၊ Beijing၊ Hangzhou၊ Shanghai၊ Xi’an၊ Taipei၊ Tokyo နှင့် San Diego ဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၅ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင် vivo သည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

 

*”Benfen” သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့် vivo ၏ ခံယူချက်ကို အကောင်းဆုံး ဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။

 

%d bloggers like this: