မေလကတည်းက သတင်းထွက်ခဲ့တဲ့ OPPO A16 ကို တရားဝင် ကြေညာလိုက်ပါပြီ။ ၆.၅၂ လက်မ HD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံးတပ်ဆင်ထားပါတယ်။
OPPO A16 ရဲ့ အနောက်ဘက်မှာ 13MP Main , 2MP Macro နဲ့ 2MP Monochrome ကင်မရာ ၃ လုံး ပါလာပါတယ်။ အထူက ၈.၄ မီလီမီတာနဲ့ အလေးချိန်က ၁၉၀ ဂရမ် ရှိပြီး အနောက်ဘက် ကာဗာကို တောက်ပြောင်တဲ့ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။
OPPO A16 မှာ Helio G35 SoC မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Storage ထည့်သွင်းထားပါတယ်။ Android 11 အခြေပြု ColorOS 11.1 ပါလာပြီး Storage ကို တိုးမြှင့်ဖို့အတွက် microSD Card Slot ပံ့ပိုးပေးထားပါတယ်။
အမိုက်ဆုံး အစိတ်အပိုင်းက အရွယ်ကြီး 5,000mAh ဘက်ထရီ ဖြစ်ပြီး USB-C Port ကနေ အားသွင်းနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး 3.5mm Headphone Jack ပါလာပါတယ်။
OPPO A16 အတွက် Pearl Blue , Space Silver နဲ့ Crystal Black ၃ ရောင်ထုတ်လုပ်ထားပြီး ၁၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၃ သောင်းလောက် ကျသင့်မှာဖြစ်ပြီး အင်ဒိုနီးရှားမှာ အွန်လိုင်းစတိုးများစွာကနေ ရောင်းချပေးနေပါပြီ။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။
Ref : gsmarena
You must log in to post a comment.