0 Shares 82 Views

ကုန်းရေနှစ်သွယ်မှာ မြန်နှုန်းမြင့်မောင်းနှင်းနိုင်တဲ့ မော်တော်ဆိုင်ကယ်

Jan 19, 2016
0 82

 

James Bond ဇာတ်ကားတွေမှာသာ မြင်တွေ့ရနိုင်တဲ့ယာဉ်တစ်မျိုးကို Gibbs ကုမ္ပဏီက အင်ဂျင်နီယာတွေက လက်တွေ့တည်ဆောက်နိုင်လိုက်ပါပြီ။

‘Biski’ လို့အမည်ပေးထားတဲ့ မော်တော်ဆိုင်ကယ်မှာ ရေပေါ်ပေါ်နေနိုင်တဲ့အောက်ခံကိုယ်ထည်ပါရှိပြီး၊ ရေထဲ မောင်းသွားလိုက်တာနဲ့ ငါးစက္ကန့်အတွင်း ဘီးတွေကို အပေါ်ရုပ်သိမ်းနိုင်မှာဖြစ်ပါတယ်။ ထို့နောက် ရေအားသုံးဂျက်အင်ဂျင်နှစ်လုံးရဲ့ တွန်းကန်အားနဲ့ ရေထဲမှာ မြန်နှုန်းမြင့်မောင်းနှင်နိုင်မှာပါ။

ဒီယာဉ်ကို အင်္ဂလန်နိုင်ငံအခြေစိုက်၊ Gibbs ကုမ္ပဏီက တည်ဆောက်ထားတာဖြစ်ပြီး ကမ္ဘာ့ပထမဦးဆုံး ဂျက်အင်ဂျင်နှစ်လုံးတပ်၊ မြန်နှုန်းမြင့် ကုန်းရေနှစ်သွယ်မော်တော်ဆိုင်ကယ်ဖြစ်တယ်လို့ ကုမ္ပဏီက ဂုဏ်ယူစွာ ဖော်ပြထားပါတယ်။

Biski ယာဉ်ကို ကုန်းပေါ်ကနေ ရေထဲအထိ တိုက်ရိုက်မောင်းနှင်သွားနိုင်ပြီး ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ငါးစက္ကန့်အတွင်း ရေပေါ်မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

ကုန်းပေါ်မှာ တစ်နာရီ မိုင် ၈၀ နှုန်းအထိ မောင်းနှင်နိုင်ပြီး ရေပြင်မှာလည်း တစ်နာရီ ၃၇မိုင်နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။ ရေပြင်ပေါ်မှာ ဟန်ချက်လုံးဝငြိမ်အောင် ပြုလုပ်ထားပြီး ကုန်းလမ်းနဲ့ရေလမ်းနှစ်ခုလုံး သုံးနိုင်တဲ့မီးသီးတွေလည်း တပ်ဆင်ထားတာကြောင့် အချိန်မရွေးမောင်းနှင်နိုင်မှာပါ။

Gibbs ကုမ္ပဏီဟာ အရင်ကလည်း ကုန်းရေနှစ်သွယ်သုံးလေးဘီးတပ်ယာဉ်၊ ကုန်းရေနှစ်သွယ်သုံး ကားနဲ့ ကုန်းရေနှစ်သွယ်သုံးထရပ်ကားတွေကိုလည်း ထုတ်လုပ်ဖူးတဲ့ကုမ္ပဏီဖြစ်ပြီး Biski ဟာ ကုမ္ပဏီရဲ့ နောက်ဆုံး မျိုးဆက်သစ်ဖြစ်ပါတယ်။

Ref: DailyMail

 

 

 

 

 

 

 

 

 

You may be interested

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone 8 ထက် iPhone 7 ကို ပိုမို ၀ယ်ယူနေကြ

Ko Thuya - Oct 19, 2017

iPhone X ရောင်းချမယ့် နိုဝင်ဘာလ မတိုင်ခင်မှာ iPhone 7 ဟာ iPhone 8 ထက် ပိုမိုရောင်းကောင်းနေတယ်လို့ သုတေသနစစ်တမ်းက ဖော်ပြထားပါတယ်။ အမေရိကန် Carrier Store များရဲ့ ရောင်းအားကို အခြေပြု၍ စစ်တမ်းကို ကောက်ယူခဲ့ခြင်း ဖြစ်ပါတယ်။…

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်
NEWS, Tech Update
88 shares14 views

ကမ္ဘာ့ပထမဦးဆုံး ကမ်းလွန်လေဒဟတ်စီမံကိန်းကို စကော့တလန်စတင်

Ko Thuya - Oct 19, 2017

ကမ္ဘာ့နိုင်ငံတွေဟာ လျှပ်စစ်စွမ်းအင်ကိုအပြည့်အဝအသုံးချနိုင်စေဖို့၊ လျှပ်စစ်မရရှိတဲ့နေရာတွေမှာ အစားထိုးစွမ်း အင်တွေရရှိအောင် ပြလုပ်ပေးဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားလာကြပါတယ်။ ယခုလည်း စကော့တလန် နိုင်ငံဟာ လေဒဟတ်စီမံကိန်းကို တခုကိုစတင်လိုက်ပါတယ်။ သူတို့ရဲ့လေဒဟတ်စီမံကိန်းနေရာဟာ လွင်ပြင် နဲ့တောင်ပေါ်မှာမဟုတ်ပါဘူး။ ကမ်းလွန်ပင်လယ်ပြင်မှာ ပေါလောပေါ်နေတဲ့ လေဒဟတ်တွေကို ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတော့တလန်နိုင်ငံမှာရှိတဲ့ အယ်ဘာဒီရှိုင်းယားရဲ့ကမ်းလွန်…

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
142 shares26 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

Most from this category