ဒီ Application တွေမှာတော့ ဂိမ်းတွေ၊ အက်ပလီကေးရှင်းတွေကအများဆုံးပါဝင်ခဲ့တာကိုတွေ့ရမှာပါ၊
1) Hotstar
Hotstar ကတော့ တဖြည်းဖြည်းနဲ့ လိုက်ဗ်ရှိုးအစီအစဉ်တွေမှာ မပါမဖြစ် App တစ်ခုဖြစ်လာပါတယ်၊ ဒီ App ဟာ Live Show တွေTV အစီအစဉ်တွေ ကိုကြည့်ဖို့အတွက် အလွန်အဆင်ပြေတာကြောင့် တဖြည်းဖြည်းနဲ့ လူသိများတဲ့ Live Show Platform အဖြစ်ရပ်တည်လာတာကိုတွေ့ရပါတယ်၊
2) Google Photos
Google Photos ကတော့ ယနေ့လို အမြဲUpdate လုပ်နေရမယ့်ခေတ်မှာ အရေးပါတဲ့နေရာရောက်လာတာတွေ့ရပါတယ်၊ ဒီ App လေးတစ်ခုရှိရုံနဲ့ သင့်ရဲ့ အကန့်အသတ်မရှိတဲ့ ဓာတ်ပုံတွေကို တူညီတဲ့ Resolution နဲ့ Original ပုံတွေအတိုင်း Save လုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့်သင်က ဓာတ်ပုံရိုက်တာ ဝါသနာမပါတဲ့သူဆိုရင်တော့ ဒီ App ကအသုံးကျမှာမဟုတ်ပါဘူး၊
3) Overcast 2
Overcast ကတော့ iPhone နဲ့ iPad တွေမှာ Favourite App တစ်ခုဖြစ်ခဲ့တာကတော့ စတင်ထုတ်လုပ်တဲ့ ၂၀၁၄ ခုနှစ်ကတည်းကပါ၊ ဒီ Media App က ဒီနှစ်မှာတော့ Feature အသစ်တွေကို Support ထပ်လုပ်ထားတယ်လို့သိရပါတယ်၊ သင့်မှာ ဘယ်လို iOS ပစ္စည်းရှိရှိ၊ Overcast ကသင့်ကို သီချင်းတွေ၊ TV Series တွေနဲ့ အမြဲမပြတ်အောင်ကူညီပေးပါလိမ့်မယ်၊
4) Horizon Chase: World Tour
Horizon Chase ကတော့ ကမ္ဘာပတ်ပြီးပြိုင်ကားမောင်းရမယ့် ဂိမ်းပါ၊ ဒီဂိမ်းကို iOS မှာရော AndroidOS မှာရော Free ရမယ့်ဂိမ်းပါ၊ လူတော်တော်များများကတော့ ဒီထဲက ကားတွေ၊ ဘက်ဂရောင်းမြူးဇစ်တွေနဲ့ နောက်ခံမြို့တွေကိုသဘောကျကြပါတယ်၊
5) The List
ဒီApp လေးကတော့ သင့်အလုပ်လုပ်ရမယ့် List တွေ၊ သင့်အတွက် အချိန်ဇယားတွေကိုကူညီရေးဆွဲပေးမယ့် App ဖြစ်ပါတယ်၊ သင်ဟာ Checklist တွေလုပ်နိုင်ပြီးတော့ အဲ့ဒါတွေကိုသင့်သူငယ်ချင်းတွေထံလည်းပြန် Share လုပ်လို့ရပါတယ်၊ ပြီးတော့ သင့်ကို ကမ္ဘာပေါ်က ခေါင်းစဉ်အမျိုးမျိုးနဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ရှာပေးမှာပါ၊
6) Lara Croft Go
ဒီပဟေဋ္ဌိဂိမ်းကတော့ တော်တော်အဆင့်မြှင့်တဲ့ အသံထွက်စနစ်တွေနဲ့ အကောင်းဆုံးဂိမ်းတစ်ခုအဖြစ်ရပ်တည်လာပါတယ်၊ ရုပ်ထွက်ကောင်းမွန်မှုတွေ၊ ဆန်းပြားတဲ့ပဟေဠိတွေနဲ့သင့်ကို စိတ်ဝင်စားမှုများပြားစေမှာပါ၊ နောက်ထပ် Series တွေလည်းထပ်ထွက်ဖို့ရှိပြီး၊ လောလောဆယ်တော့ပြိုင်ဘက်ကင်းဂိမ်းတစ်ခုလို့သတ်မှတ်ထားကြပါတယ်၊
(Blue Lion)
Ref: Gadgets360
You must log in to post a comment.