Xiaomi Mi Pad 5 ကို FCC မှာ မှတ်ပုံတင်လိုက်ပြီ

Xiaomi ဟာ တက်ဘလက် အသစ်တစ်လုံးကို ဖန်တီးနေတဲ့ သတင်းတွေ မကြာခင်က များစွာ ထွက်လာပါတယ်။ အခုတော့ FCC က သတင်းအချက်အလက်တွေအရ ဒီပေါက်ကြားသတင်းတွေ အတည်ဖြစ်လာတော့မှာပါ။

မော်ဒယ်နံပါတ် 21051182G ပါတဲ့ Xiaomi တက်ဘလက် အသစ် တစ်လုံးရဲ့ သတင်းအချက်အလက်တွေကို FCC မှာ တွေ့လာရပြီး ဆော့ဖ်ဝဲ အပိုင်းမှာ MIUI 12.5 ထည့်သွင်းထားမယ်လို့ သိရပါတယ်။ အားသွင်းနှုန်းက 22.5W ဖြစ်ပြီး Dual-band WiFi စွမ်းရည် ပါလာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က MIIT မှာ Mi Pad 5 Pro ကို တွေ့ခဲ့ရပြီး 5G ဆက်သွယ်မှုနဲ့ Snapdragon 870 Chipset တွေ ထည့်သွင်းထားပါတယ်။ ၁၁ လက်မ LCD 2560x1600p မျက်နှာပြင်နဲ့ 120Hz Refresh Rate တွေ ထောက်ပံ့ထားနိုင်ပြီး မျက်နှာပြင်ဟာ 4,096 Pressure Level ကို ပံ့ပိုးပေးနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက် Xiaomi ဟာ တက်ဘလက်အတွက် ဒစ်ဂျစ်တယ် ဘောပင်ကိုပါ ထုတ်လုပ်ပေးနိုင်ပါတယ်။

Mi Pad 5 မှာတော့ MediaTek Dimensity 1200 Chipset မောင်းနှင်ထားနိုင်ပြီး ဘက်ထရီက 8,250mAh ဖြစ်နိုင်ပါတယ်။ CNIPA မှာ အဲဒီ တက်ဘလက်အတွက် Keyboard Case တစ်ခုကိုလည်း မြင်တွေ့ခဲ့ကြပြီးပါပြီ။ Xiaomi Mi Pads အသစ်တွေကို ဒီလနှောင်းပိုင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: