64MP ကင်မရာနဲ့ 5,000mAh ဘက်ထရီ ပါတဲ့ ZTE Blade V30 Series ကို ကြေညာ

ZTE က တန်ဖိုးနည်း စွမ်းရည်သင့် 4G စမတ်ဖုန်း ၂ လုံးကို ကြေညာလိုက်ပါတယ်။ Blade V30 နဲ့ Blade V30 Vita တို့ ဖြစ်ပြီး အရွယ်ကြီး IPS LCD , 48MP/64MP ပင်မ ကင်မရာတွေနဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Blade V30 မှာ ၆.၆၇ လက်မ FHD+ မျက်နှာပြင်ပါလာပြီး 16MP Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ Vita မှာ အရွယ်ပိုကြီးတဲ့ ၆.၈ လက်မ မျက်နှာပြင် ပါလာပေမယ့် Resolution ကို 720x1640p သို့ လျှော့ချထားပါတယ်။ Vita မှာ 8MP ဆဲလ်ဖီး ကင်မရာကို Notch မှာ ထည့်သွင်းထားပါတယ်။

Blade V30 ရဲ့ အနောက်ဘက်မှာ 64MP ပင်မ ၊ 8MP Ultrawide ၊ 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ Vita မှာတော့ 48MP ပင်မ၊ 5MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာပါတယ်။ Blade V30 မှာ Octa-core Unisoc Tiger T618 Chipset ၊ 4GB RAM နဲ့ 128GB Storage တွေ ထည့်သွင်းထားတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ Vita မှာတော့ 1.6GHz Octa-core Chipset ထည့်ထားပေမယ့် နာမည် မသိရသေးပါဘူး။

ဖုန်း ၂ လုံးစလုံးမှာ တူညီတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပေမယ့် V30 မှာပဲ 18W Charging ပါလာပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 11 အခြေပြု ZTE MiFavor UI မောင်းနှင်ထားပါတယ်။

ZTE Blade V30 အတွက် Black နဲ့ Gradient အရောင်တွေ ထုတ်လုပ်ထားပြီး ၂၅၆ ဒေါ်လာလောက် ကျသင့်မှာပါ။ မြန်မာငွေ ၄ သိန်း ၂ သောင်းလောက် တန်ကြေးရှိပါတယ်။ V30 Vita ရဲ့ ဈေးကို မသိရသေးပါဘူး။ အဲဒီ ဖုန်းတွေကို မက္ကဆီကိုမှာ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: