Apple ကို ကျော်တက်ပြီး ကမ္ဘာ့ ဒုတိယ ဖုန်းရောင်းအား အကောင်းဆုံး ဖြစ်လာတဲ့ Xiaomi

Huawei ဟာ နိုင်ငံတကာ ဖုန်းဈေးကွက်မှာ နောက်ဆုတ်သွားတဲ့အတွက် တခြား တရုတ် စမတ်ဖုန်း ကုမ္ပဏီတွေ အကျိုးကျေးဇူး ရလာပါတယ်။ အဲဒီအထဲမှာ Xiaomi က အတိုးတက်ဆုံး ဖြစ်လာတယ်လို့ စစ်တမ်း အသစ်တစ်ခုက ဖော်ပြနေပါတယ်။

Xiaomi is now the worlds second biggest smartphone maker, neck and neck with Samsung

Canalys က ၂၀၂၁ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ Xiaomi ဟာ Apple ကို ကျော်တက်ပြီး ကမ္ဘာ့ ဖုန်းဈေးကွက်မှာ နံပါတ် ၂ နေရာကို သိမ်းပိုက်လိုက်တယ်လို့ ပြောပါတယ်။ Samsung ကတော့ နံပါတ် ၁ နေရာမှာ ပန်းပန်လျက် ရှိနေဆဲ ဖြစ်ပြီး ဈေးကွက်ဝေစု ၁၉ ရာခိုင်နှုန်း ရထားပါတယ်။ Xiaomi က ၁၇ ရာခိုင်နှုန်းနဲ့ အနောက်ကနေ သိပ်မကွာဘဲ လိုက်နေပါတယ်။

Xiaomi overtakes Apple as World's No. 2 smartphone maker: Report - News Update

Xiaomi ရဲ့ ဖုန်းရောင်းအားဟာ လက်တင် အမေရိကမှာ ၃၀၀ ရာခိုင်နှုန်း၊ အာဖရိကမှာ ၁၅၀ ရာခိုင်နှုန်းနဲ့ အနောက် ဥရောပမှာ ၅၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဖုန်း ၁ လုံးရဲ့ ပျမ်းမျှရောင်းဈေးဟာ Samsung ထက် ၄၀ ရာခိုင်နှုန်းနဲ့ Apple ထက် ၇၅ ရာခိုင်နှုန်း နည်းပါတယ်။ Xiaomi ဟာ မကြာခင်က စွမ်းရည်မြင့် တန်ဖိုးကြီး ဖုန်းတွေ ရောင်းချခဲ့ပြီး အနာဂတ်မှာ ဒီထက် ရောင်းအား တိုးတက်လာနိုင်ပါတယ်။

Canalys က Xiaomi ဟာ Mi 11 Ultra လို စွမ်းရည်မြင့် ဖုန်း ရောင်းအား တိုးတက်အောင် ပြုလုပ်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။ OPPO နဲ့ vivo တို့ဟာလည်း အဲဒီလို ရည်မှန်းချက်ရှိတဲ့အတွက် Xiaomi အတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမှာပါ။

Xiaomi ရဲ့ ဖုန်း ရောင်းအားဟာ ပုံသေ တိုးတက်နေတဲ့အတွက် အနာဂတ်မှာ Samsung ရဲ့ ကမ္ဘာ့ ဖုန်း ရောင်းအား အကောင်းဆုံးနေရာကိုတောင် လုယူသွားနိုင်ပါတယ်။ လက်ရှိမှာ Apple ဟာ ၁၄ ရာခိုင်နှုန်း၊ OPPO နဲ့ vivo တို့ဟာ ၁၀ ရာခိုင်နှုန်းစီ ရထားပါတယ်။

Ref : gsmarena

%d bloggers like this: