Apple က MagSafe Battery Pack ကို ၁ သိန်း ၆ သောင်းနဲ့ ရောင်းချ

Apple ဟာ ကာလရှည်ကြာ သတင်းထွက်နေတဲ့ MagSafe Battery Pack ကို ၉၉ ဒေါ်လာနဲ့ ရောင်းချပေးလိုက်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၁ သိန်း ၆ သောင်းလောက် ကျသင့်ပြီး Apple Website ကနေ ဝယ်ယူနိုင်ပါပြီ။ အဖြူရောင်ကို Matte Finish နဲ့ ထုတ်လုပ်ပေးထားပြီး အားသွင်းဖို့ Lightning Port တစ်ခု တပ်ဆင်ထားပါတယ်။

Apple Magsafe Battery Pack

MagSafe Battery Pack ကို 20W အထိ အားသွင်းနိုင်ပြီး Battery Pack က iPhone 12 ကို 15W အထိ အားသွင်းပေးနိုင်ပါတယ်။ Battery Pack ကို 20W သို့မဟုတ် သူ့ထက်မြင့်တဲ့ Adapter နဲ့ ချိတ်ဆက်ထားမှသာ ဒီနှုန်းနဲ့ iPhone ကို အားသွင်းပေးနိုင်တာပါ။ iPhone ကို အားသွင်းထားချိန်မှာလည်း Battery Pack က ဖုန်းကို အားသွင်းပေးနိုင်ပါတယ်။ Battery Pack ကို အားမသွင်းထားချိန်မှာလည်း iPhone ကို 5W နဲ့ အားသွင်းပေးနိုင်ပါတယ်။

Battery Pack မှာ Charger or Cable တွေ မပါလာသလို Apple က iPhone Battery သက်တမ်းကို ဘယ်လောက်အထိ တိုးမြှင့်ပေးနိုင်သလဲ ဆိုတာ မကြေညာထားသေးပါဘူး။ 9to5Mac က Battery Pack မှာ 11.2 Watt Hours or 1460mAh ပမာဏ ရှိပြီး iPhone 12 mini ကို အားအပြည့်သွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ Bloomberg က Apple ဟာ iPhone 12 Series အတွက် MagSafe Battery Pack Accessory ကို ဖန်တီးနေတယ်လို့ သတင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ Battery Pack နမူနာမော်ဒယ်ဟာ ဆော့ဖ်ဝဲ ပြဿနာကြောင့် အပူလွန်ကဲနေတယ်လို့ သိခဲ့ရပါတယ်။

Apple က iPhone 12 Series နဲ့အတူ MagSafe ကို မိတ်ဆက်ခဲ့ပြီး ဖုန်းမှာ သံလိုက်နဲ့ ကပ်ကာ ကြိုးမဲ့အားသွင်းပေးတာ ဖြစ်ပါတယ်။ MagSafe နဲ့ တွဲဖက် သုံးနိုင်တဲ့ First-party နဲ့ Third-party Cases တွေလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: