vivo V21 ရဲ့ အမိုက်စား လုပ်ဆောင်ချက်တွေ၊ Stable Photography ၊ စွမ်းဆောင်ရည်နဲ့ ဒီဇိုင်း အကြောင်း

ဒီနေ့ခေတ် စမတ်ဖုန်းတွေမှာ ဖုန်းပြောဖို့ သက်သက် မဟုတ်တော့ပဲနဲ့ နေ့စဉ်  လူနေမှုဘ၀နဲ့ အလုပ်ကိစ္စတွေကို အများကြီး ကူညီပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေပါ ပါလာကြပါပြီ။ လူအများစုက ကိုယ့်ဖုန်းမှာ ပါလာတဲ့ လုပ်ဆောင်ချက်တွေကို သေချာမသိကြတာ အရမ်းကို နှမြောဖို့ကောင်းပါတယ်။ ကျွန်တော်ကတော့ ဒီနေ့မှာ vivo က နောက်ဆုံးအသစ်ထွက်ရှိထားတဲ့ V21  ရဲ့ အမိုက်စားလုပ်ဆောင်ချက်တွေ၊ Stable Photography၊ စွမ်းဆောင်ရည် နဲ့ ဒီဇိုင်းအကြောင်းလေး vivo ချစ်သူတွေအတွက် ဝေမျှပေးချင်ပါတယ်။


ကမ္ဘာ့ ထိပ်တန်း စမတ်ဖုန်း ကုမ္ပဏီ တခုဖြစ်တဲ့ vivo ဟာ V21 ကို မကြာခင်ကမှ ပူပူနွေးနွေး ကြေညာထားပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေပါပြီး ဒီဇိုင်းလှပသလို လုပ်ဆောင်ချက်တွေ စုံလင်လှတဲ့ ဖုန်း ဖြစ်ပါတယ်။ ဖုန်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လုပ်ဆောင်ချက်တွေကို ဆက်လေ့လာကြည့်လိုက်ရင်  အဲဒီဖုန်းကို ဝယ်ဖို့ အရမ်းကို စိတ်အားထက်သန်သွားမှာ သေချာပါတယ်။

စမတ်ဖုန်းဈေးကွက်မှာ vivo ဟာ ကင်မရာ နည်းပညာ အပိုင်းမှာ လူကြိုက်အရမ်းများပါတယ်။ vivo V21 ရဲ့ အရှေ့နဲ့ အနောက်ကင်မရာတွေမှာ OIS (Optical Image Stabilization) နည်းပညာ ထည့်သွင်းပေးထားတဲ့အတွက် ဓါတ်ပုံနဲ့ ဗီဒီယိုတွေ တည်ငြိမ်ပြီး မှုန်ဝါးမှုတွေ ကင်းဝေးစေမှာပါ။ 44MP OIS Night Selfie System အတွက် 44MP OIS Super Night Selfie ထည့်သွင်းပေးထားတဲ့အတွက် ညဘက် ဓါတ်ပုံတွေ ရိုက်တဲ့အခါမှာ ကြည်လင်ပြတ်သားစေမှာပါ။ ဒါ့အပြင် Selfie Spotlight နဲ့ AI Night Portrait လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

44MP OIS Super Night Selfie လုပ်ဆောင်ချက်က ညဘက် ဓါတ်ပုံတွေ ရိုက်တဲ့အခါ Exposure Time ကို တိုးမြှင့်ပေးတဲ့အတွက် အလင်း ပမာဏပိုမိုရရှိစေပြီး Noise လျှော့ချပေးတဲ့အတွက် ရုပ်ပုံတွေ ကြည်လင်ပြတ်သားစေပါတယ်။

AI Night Portrait က Dark Environments မှာ Noise တွေကို လျှော့ချပေးတဲ့အတွက် Night Imaging Effects နဲ့ Background Brightness ကို တိုးတက်စေပြီး Focus နဲ့ ကြည်လင်ပြတ်သားမှု ပိုမို ကောင်းမွန်စေပါတယ်။ တစ်ချိန်ထဲမှာပဲ OIS က Light Exposure ပိုကောင်းစေဖို့ ကင်မရာကို တည်ငြိမ်စေပါတယ်။ AI Brightening နဲ့ AI Noise Reduction ပါတဲ့ စွမ်းရည်မြင့် AI Night Algorithm က အရမ်း မည်းမှောင်တဲ့ ပတ်ဝန်းကျင်မှာ Portrait လုပ်ဆောင်ချက် အသေးစိတ်ကို  ပြုပြင်ပေးနိုင်ပါတယ်။

Low Light အခြေအနေမှာ ကင်မရာရဲ့ အလင်းရောင် ဖမ်းယူမှု တိုးတက်စေဖို့ V21 အရှေ့ ကင်မရာမှာ ပါတဲ့ Selfie Spotlight လုပ်ဆောင်ချက်က OLED Spotlights ၂ လုံးကို သုံးထားပါတယ်။ ဓါတ်ပုံ စတူဒီယိုတွေထဲက အလင်းရောင် ပံ့ပိုးပေးနိုင်တဲ့အတိုင်း လုပ်ဆောင်ပေးနိုင်တဲ့အတွက် ညဘက်အချိန်မှာတောင် Subject ကို ကောင်းကောင်းမြင်ရပါတယ်။

ဗီဒီယို ရိုက်ကူးသူတွေနဲ့ Vloggers တွေအတွက်လည်း vivo V21 အရှေ့ ကင်မရာမှာ Dual-View Video လုပ်ဆောင်ချက် ပါပါတယ်။ အဲဒီအတွက် အရှေ့နဲ့ အနောက်ကင်မရာတွေဟာ တစ်ပြိုင်နက်ထဲ အတူတကွ အလုပ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ ကင်မရာ အနောက်ဘက်နဲ့ သင့် ရုပ်ပုံကို ဖမ်းယူပေးနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ အရှေ့ ကင်မရာမှာ Child Face Beauty ၊ Personal Facial နဲ့ Head Slimming for Groupfies လို Fun Portrait လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းထားတာက ပျော်စရာကောင်းမှာပါ။ Child Face Beauty က Child Recognition Algorithm ကို သုံးကာ ကလေးတွေကို တိကျစွာ အာရုံခံနိုင်ပြီး အသေးစိတ်ကျတဲ့ အရာတွေ ထည့်သွင်းနိုင်ပါတယ်။ သဘာဝကျတဲ့ Skin Texture မှာ လှပသေသပ်တဲ့ အရာတွေ ဖြည့်စွက်နိုင်မှာပါ။ Personal Facial လုပ်ဆောင်ချက်က တစ်မူထူးခြားတဲ့ မျက်နှာသွင်ပြင်ကို မှတ်သားထားကာ မှဲ့ ဖျက်တာလို မျက်နှာ လှပအောင် ပြုလုပ်ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေပါပါတယ်။ vivo V21 ရဲ့ Beauty Mark Retention က လူတွေရဲ့ ရှိရင်းစွဲ အလှတရားကို ထင်သာမြင်သာရှိအောင် ပြုလုပ်ပေးနိုင်သလို ရုပ်ပုံ ကြည်လင်ပြတ်သားအောင် စွမ်းဆောင်ပေးပါတယ်။ Head Slimming for Groupfies က Group Selfie တွေရိုက်တဲ့အခါမှာ ဦးခေါင်းနဲ့ ကိုယ်ခန္တာ အရွယ်အစားတွေကို အချိုးကျ လှပအောင် ဖန်တီးပေးနိုင်ပါတယ်။

vivo V21 ရဲ့ အနောက်ဘက်က 64MP OIS Night Camera ဟာ OIS Super Night Mode ၊ OIS Ultra-stable Video တို့လို ညဘက်မှာ ရုပ်ပုံ အရည်အသွေး ကောင်းမွန်စေတဲ့ လုပ်ဆောင်ချက်တွေ ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် Wide-angle Photography နဲ့ Macro လို ပိုရှုပ်ထွေးတဲ့ Photography တွေကို ကိုင်တွယ်နိုင်ပါတယ်။

အမိုက်စား ကင်မရာတွေအပြင် vivo V21 ရဲ့ စွမ်းဆောင်ရည်နဲ့ ဒီဇိုင်းကလည်း လန်းပါတယ်။ 90Hz Refresh Rate က Action နဲ့ Motion Games တွေ ကစားသူတွေအတွက် သင့်တော်ပါတယ်။ ဂိမ်းကစားရင် ချောမွတ်စေပြီး Fast-moving Scenes တွေမှာ ရုပ်ထွက် ကြည်လင်ပြတ်သားစေပါတယ်။ Lags ဖြစ်တာနဲ့ တုန်ခါတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် MTK Dimensity 800U က စွမ်းအင် စားသုံးမှု သက်သာစေသလို 2.4GHz Frequency အထိ ထောက်ပံ့တဲ့အတွက် စွမ်းဆောင်ရည် မြင့်မားပါတယ်။ V21 မှာ 8GB+(3GB Extended) RAM နဲ့ 128GB Storage ထည့်ထားတဲ့အတွက် Long-term နဲ့ Short-term Storage အတွက် အဆင်ပြေပါတယ်။ V21 ရဲ့ ဒီဇိုင်း သုံးခုက ထူးခြား ပြောင်မြောက်လှပါတယ်။ Dual Tone Step ဒီဇိုင်းက တခြား ဟာ့ဒ်ဝဲ အစိတ်အပိုင်းတွေကို ဖုန်းထဲမှာ ထည့်ထားတဲ့အတွက် V21 ဟာ ထူထဲတယ်လို့ မထင်ရစေပါဘူး။ Flat Frame ဒီဇိုင်းကြောင့် ဖုန်းဟာ ရှင်းလင်း ခန့်ညား စတိုင်ကျစေပြီး Dazzling Process ကြောင့် ကိုင်တွယ် အသုံးပြုရတာ ထူးခြားကောင်းမွန်စေမှာပါ။ ဖုန်းကို ရှုထောင့်မျိုးစုံက ကြည့်လိုက်ရင် အရောင်တွေ ပြောင်းလဲနေတာ မြင်ရမှာပါ။ ကိုယ်ထည်မှာ Crystal Particles တွေ တပ်ဆင်ထားတဲ့အတွက် အသက်ရှူဖို့တောင် မေ့သွားစေလောက်အောင် လှပပါတယ်။

ဒီလို ရိုးရှင်းလှပတဲ့ စမတ်ဖုန်းမှာ အမိုက်စား လုပ်ဆောင်ချက်တွေ ပါမယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ပါဘူး။ vivo V21 ရဲ့ အမိုက်စား လျှို့ဝှက် လုပ်ဆောင်ချက် အသေးစိတ်ကို ဒီဆောင်းပါးမှာ စာရေးသူက ဖော်ထုတ်ပေးလိုက်ပါတယ်နော်…..

 

%d bloggers like this: