Elon Musk က Richard Branson ရဲ့ ကုမ္ပဏီနဲ့ အာကာသသို့ ခရီးသွားမည်

အာကာသ နည်းပညာ ဘီလီယမ်နာ သူဌေးကြီး Elon Musk ဟာ မိတ်ဆွေ Richard Branson ရဲ့ Virgin Galactic ကုမ္ပဏီနဲ့ အာကာသသို့ ခရီးသွားဖို့ လက်မှတ်တစ်စောင် ဝယ်ယူထားတယ်လို့ The Wall Street Journal က သတင်းပေးလာပါတယ်။ Branson ဟာလည်း Musk လိုပဲ အာကာသ နည်းပညာ ဘီလီယမ်နာ သူဌေးကြီး ဖြစ်ပါတယ်။

Richard Branson aims to fly to space before Jeff Bezos, Virgin Galactic confirms - The Verge

Branson ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အာကာသကို အောင်မြင်စွာ ခရီးထွက်နိုင်ခဲ့ပြီး အဲဒီ မတိုင်ခင်ကတည်းက SpaceX ရဲ့ တည်ထောင်သူနဲ့ စီအီးအို Musk ဟာ Virgin Galactic ဆီက လက်မှတ် ဝယ်ယူထားတာလို့ သိရပါတယ်။ Virgin Galactic ဟာ အာကာသ ခရီးစဉ်အတွက် ခရီးသည် ၆၀၀ လောက် ရရှိထားပြီလို့ သိရပါတယ်။ Musk ဟာ Branson နဲ့ ရင်းနှီးမှုကြောင့် အခုလို Virgin Galactic နဲ့ အာကာသ ခရီးသွားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ နံပါတ် ၁ အချမ်းသာဆုံး ဘီလီယမ်နာ Jeff Bezos ကလည်း သူပိုင်ဆိုင်တဲ့ Blue Origin ကုမ္ပဏီရဲ့ အာကာသယာဉ်နဲ့ ဒီလထဲမှာပဲ အာကာသကို သွားရောက်တော့မှာ ဖြစ်ပါတယ်။ Virgin Galactic နဲ့ Blue Origin တို့ရဲ့ အာကာသ ခရီးသွား လုပ်ငန်း ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်လာပြီ ဖြစ်ပါတယ်။ Branson က Bezos ထက် စောပြီး အာကာသကို အစောဆုံး အလည်သွားနိုင်ခဲ့တဲ့ ပထမဆုံး ဘီလီယမ်နာ အဖြစ် သမိုင်းမှတ်တမ်းဝင်ထားပါတယ်။

Branson ဟာ Crew ၅ ဦးနဲ့အတူ တနင်္ဂနွေနေ့က SpaceShipTwo အာကာသယာဉ်ကို စီးနင်းခဲ့တာ ဖြစ်ပြီး ကမ္ဘာမြေ ဆွဲအား လွတ်သွားတဲ့ နေရာမှာ မိနစ်ပိုင်းလောက် နေခဲ့ပါတယ်။ အဲဒီနောက်မှာ ကမ္ဘာမြေကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ Branson ရဲ့ အောင်မြင်တဲ့ အာကာသ ခရီးစဉ်ကြောင့် Vrigin Galactic ကို လူတွေ ပိုစိတ်ဝင်စားသွားကြပါတယ်။ Bezos ရဲ့ Blue Origin က ဘယ်လို အမှီလိုက်မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Ref : theverge

%d bloggers like this: