Xiaomi Note 11 Pro/ Mi CC11 မှာ 5x Telephoto ကင်မရာ ပါလာနိုင်

Xiaomi ဟာ Mi CC9 စမတ်ဖုန်းရဲ့ မျိုးဆက်သစ်ကို ဖန်တီးနေပြီး အဲဒီ စမတ်ဖုန်းမှာ စွမ်းရည်မြင့် ကင်မရာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Xiaomi Mi CC9 Pro will pack an enormous battery that you can refill in an hour

Xiaomi ဟာ Mi CC9 ရဲ့ မျိုးဆက်သစ် အဖြစ် Mi CC10 ကို မထုတ်လုပ်ဘဲ Mi CC11 နာမည်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ Mi CC11 မှာ 64MP ကင်မရာနဲ့ Pro မော်ဒယ်မှာ Telephoto ကင်မရာ အတွက် 5x Periscope Lens ထည့်သွင်းထားမယ်လို့ သတင်းပေါက်ကြားလာပါတယ်။

Xiaomi Mi CC11 ကို တရုတ် ပြင်ပမှာ Note 11 အနေနဲ့ ရောင်းချမယ်လို့ ထင်ပါတယ်။ Mi CC11 မှာ 90Hz OLED မျက်နှာပြင် ပါလာနိုင်ပြီး Snapdragon 778G or 780G Chipset ထည့်သွင်းထားနိုင်ပါတယ်။ Pro Version မှာ Snapdragon 870 Chipset မောင်းနှင်ထားနိုင်ပါတယ်။ အဲဒီ မော်ဒယ် ၂ လုံးစလုံးမှာ ပင်မ ကင်မရာ အတွက် 1/1.3” Sensor တပ်ဆင်ထားမယ်လို့ ယူဆရပါတယ်။

Xiaomi ဟာ Samsung က ဖန်တီးထားမယ့် 200MP ကင်မရာ Sensor ကို စွမ်းရည်မြင့် Mi 12 အတွက် ရည်ရွယ်ထားတယ်လို့ သတင်းထွက်လာပါတယ်။ Xiaomi ဟာ Mi 12 မတိုင်ခင် Mi Mix 4 ကို ချပြမှာ ဖြစ်ပြီး Mi Mix 4 မှာ 50MP ISOCELL GN1 Sensor တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: