Asus က ဒီလ ၁၅ ရက်နေ့မှာ ကျောင်းသားတွေအတွက် ထုတ်ကုန် အသစ်တွေ ကြေညာမည်

ထိုင်ဝမ် နည်းပညာ ဘီလူးကြီး Asus က အိန္ဒိယက ကျောင်းသားတွေအတွက် ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ကုန် အသစ်တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Asus က ဖိတ်စာမှာ “Thoughtfully Simple” လို့ ရေးသားထားပါတယ်။

Asus က လာမယ့် ကြာသာပတေးနေ့မှာ ချပြမယ့် ထုတ်ကုန် အရေအတွက်ကို မပြောသေးပေမယ့် မီဒီယာတွေကိုပေးပို့ထားတဲ့ ဖိတ်စာမှာ “ ဒစ်ဂျစ်တယ် ပညာရေးမှာ လူငယ်တိုင်း လွတ်လွတ်လပ်လပ် ညီညီမျှမျှ ပညာသင်ကြားနိုင်အောင် ဒီထုတ်ကုန်တွေကို ဒီဇိုင်းထုတ်ထားပါတယ်။ ပညာ သင်ကြားရေးမှာ အခက်အခဲတွေ အနည်းဆုံး ဖြစ်စေမှာပါ။ “ လို့ ရေးသားထားပါတယ်။

Amazon.com: ASUS ZenBook 13 Ultra-Slim Laptop, 13.3” OLED FHD NanoEdge Bezel Display, Intel Core i5-1135G7, 8GB LPDDR4X RAM, 256GB SSD, NumberPad, Thunderbolt 4, Wi-Fi 6, Windows 10 Home, Pine Grey, UX325EA-DS51: Computers

Asus က ကျောင်းသားတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ အဲဒီ ထုတ်ကုန်အသစ်တွေကို Flipkart တစ်ခုထဲကနေပဲ ရောင်းချပေးမှာ ဖြစ်ပြီး ကုမ္ပဏီက မျှဝေထားတဲ့ Teaser Image မှာ Chromebooks တွေ ပါလာမယ်လို့ အရိပ်အမြွက် သတင်းပေးထားပါတယ်။ ဒါပေမယ့် တက်ဘလက်တွေလည်း ပါလာနိုင်ပါတယ်။

Asus VivoBook 15 X509 Price (11 Jul 2021) Specification & Reviews । Asus Laptops

Asus ထုတ်ကုန်အသစ်တွေ ကြေညာမယ့် နေ့ဟာ ရက်ပိုင်းပဲ လိုပါတော့တယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ ထုတ်ကုန်တွေကို လူတွေ စိတ်ဝင်စားစေဖို့ Asus က Teaser တွေကို မျှဝေကောင်းမျှဝေနိုင်ပါတယ်။ Asus ဟာ ကွန်ပြူတာ ထုတ်လုပ်တဲ့ နယ်ပယ်မှာ ဟိုးအရင်ကတည်းက ဆရာ တစ်ဆူ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ စမတ်ဖုန်း လောကထဲကိုပါ ဝင်ရောက်ယှဉ်ပြိုင်လာတာ တွေ့ရပါတယ်။

 

Ref : gsmarena

%d bloggers like this: