Asus က စွမ်းရည်မြင့် အရွယ်သေး Zenfone 8 ကို မကြာခင် အိန္ဒိယမှာ ကြေညာမည်

ထိုင်ဝမ် နည်းပညာ ဘီလူးကြီး Asus ရဲ့ အိန္ဒိယ ဌာနက စီးပွားရေး၊ ပီစီနဲ့ စမတ်ဖုန်းဌာန အကြီးအကဲ Dinesh Sharma က စွမ်းရည်မြင့် အရွယ်သေး Zenfone 8 ကို အိန္ဒိယမှာ မကြာခင် ကြေညာမယ်လို့ တွစ်တာမှာ အတည်ပြုလိုက်ပါတယ်။ သူ့ရဲ့ ပို့စ်မှာ ကြေညာမယ့် နေ့ရက်ကို မဖော်ပြထားပေမယ့် သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။
ASUS Zenfone 8
Zenfone 8 ကို Zenfone 8 Flip နဲ့အတူ ဥရောပမှာ မေလက ကြေညာခဲ့ပါတယ်။ Zenfone 8 ကို နောက်ပိုင်း အမေရိကန်မှာ ရောင်းပေးခဲ့ပါတယ်။ အိန္ဒိယမှာ ကြေညာဖို့ နောက်ကျနေတာဟာ ကိုဗစ် ၁၉ ကြောင့် ဖြစ်နိုင်ပါတယ်။

Zenfone 8 ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရအောင်။ သူ့မှာ ၅.၉၂ လက်မ AMOLED FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ထောက်ပံ့ပါတယ်။ HDR10+ ပါလာပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ Snapdragon 888 Chipset ၊ LPDDR5 RAM နဲ့ UFS 3.1 Storage တွေ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 64MP Sony IMX686 နဲ့ 12MP Ultrawide Angle ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 12MP ကင်မရာ ၁ လုံး ပါလာပါတယ်။ 30W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး NFC, WiFi 6E , Dual SIM Support နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာတွေ ပါပါတယ်။ IP68 ရေစိုခံ စံနှုန်းနဲ့ Android 11 တွေ ထည့်သွင်းထားပါတယ်။

Ref : gizmochina

%d bloggers like this: