64MP ကင်မရာ ပါတဲ့ Vivo Y53s 4G ကို ကြေညာပြီ

Vivo က ပြီးခဲ့တဲ့ လမှာ Y53s 5G ကို ပွဲထုတ်ခဲ့ပြီး အခုတော့ 4G Version ကို ကြေညာလိုက်ပါတယ်။ 4G နဲ့ 5G Version မှာ တခြား ကွဲပြားတဲ့ Specs တွေ ပါလာပါတယ်။ Vivo Y53s 4G မှာ Helio G80 SoC နဲ့ 5G Version မှာ Snapdragon 480 Chip ထည့်သွင်းထားပါတယ်။ ဆဲလ်ဖီး ကင်မရာပိုကောင်းလာပြီး 8MP ကနေ 16MP သုံးထားပါတယ်။ အနောက်ဘက်မှာ 64MP Main နဲ့ 2MP Macro အပြင် 2MP Depth ကင်မရာ ၁ လုံး အားဖြည့်ထားပါတယ်။

Refresh Rate ကတော့ 90Hz ကနေ 60Hz အထိ လျော့နည်းသွားပေမယ့် အားသွင်းစနစ်က 18W ကနေ 33W အထိ တိုးတက်လာပါတယ်။ ဆော့ဖ်ဝဲအကြောင်းပြောရရင် Android 11 အခြေပြု Funtouch OS 11.1 မောင်းနှင်ထားပါတယ်။

Y53s 4G ရဲ့ တခြား Specs တွေက 5G Version နဲ့ တူညီပါတယ်။ အဲဒီအတွက် 4G Version မှာ ၆.၅၈ လက်မ FullHD+ LCD မျက်နှာပြင်၊ 8GB (+3GB Virtual) RAM , 128GB Storage နဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Vivo Y53s 4G မှာ USB-C Port ၊ microSD Card Slot နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာတွေ ပါလာပြီး ၀.၂၄ စက္ကန့်အတွင်း ဖုန်းကို Unlock လုပ်ပေးနိုင်တယ်လို့ Vivo က ပြောပါတယ်။ Blue Purple နဲ့ Black Green ၂ ရောင် ထုတ်လုပ်ထားပြီး ဗီယက်နမ်မှာ ၆,၉၉၀,၀၀၀ ဒေါင်နဲ့ ရောင်းမှာပါ။ ၃၀၅ ဒေါ်လာလောက်ရှိပြီး မြန်မာငွေ ၅ သိန်းလောက်ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: