64MP Quad ကင်မရာနဲ့ 66W Charging ပါတဲ့ Huawei nova 8i ကို ကြေညာ

Huawei က nova 8 Series အနေနဲ့ nova 8 5G , nova 8 Pro 4G , nova 8 Pro 5G နဲ့ nova 8 SE စတဲ့ ၄ လုံးကို ကြေညာထားပါတယ်။ အခုတော့ Huawei က nova 8i ကို ကြေညာလိုက်ပြီ ဖြစ်တဲ့အတွက် ၅ လုံး ဖြစ်သွားပါပြီ။


Nova 8i မှာ ၆.၆၇ လက်မ FullHD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး Huawei က Edgeless Display လို့ ခေါ်ပါတယ်။ ဘယ်ဘက်နဲ့ ညာဘက်က ဘောင်အထူဟာ ၁.၃ မီလီမီတာနဲ့ ထိပ်ဖက်ကဘောင်ဟာ ၁.၃၅ မီလီမီတာ ရှိပါတယ်။ မျက်နှာပြင် အထက် ဘယ်ဘက်က ဆေးတောင့်ပုံ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Huawei nova 8i ရဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး Huawei က ချောမွတ်စွာ ထိတွေ့ကိုင်တွယ်နိုင်ဖို့အတွက် အနောက်ဘက် ကာဗာကို 4D Curvature အဖြစ် ဖန်တီးထားတယ်လို့ ပြောပါတယ်။

Chipset က Snapdragon 662 ဖြစ်တဲ့အတွက် စွမ်းရည်သင့် ဖုန်း ဖြစ်ပါတယ်။ Android 10 အခြေပြု EMUI 11 မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ 4,300mAh ဘက်ထရီ တပ်ဆင်ထားပြီး ၁၇ မိနစ်အတွင်း ၆၀ ရာခိုင်နှုန်းနဲ့ ၃၈ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ 66W Charger ထောက်ပံ့ထားပြီး Moonlight Silver, Interstellar Blue နဲ့ Starry Black ၃ ရောင် ထုတ်လုပ်ထားပါတယ်။ မလေးရှားမှာ 8GB/128GB ကို ၁,၂၉၉ ရင်းဂစ် သတ်မှတ်ထားပြီး ၅ သိန်း ၁ သောင်းလောက်ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: