6,000mAh ဘက်ထရီ ပါတဲ့ Samsung Galaxy F22 ကို ကြေညာပြီ

Samsung Galaxy F22 ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး Flipkart နဲ့ Samsung Online Store တို့ကနေ ရောင်းမှာပါ။ အရှေ့ဘက်မှာ အရွယ်သေး Notch တပ်ဆင်ထားပြီး Chin က ပါးလွှာပါတယ်။ အနောက်ဘက်မှာ စတုရန်းပုံ ကင်မရာ အကွက် ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ Galaxy F22 အတွက် 4/64GB နဲ့ 6/128GB တွေ ထုတ်လုပ်ထားပြီး ၁၂,၄၉၉ ရူပီး၊ ၁၄,၄၉၉ ရူပီးနဲ့ အသီးသီး ရောင်းမှာပါ။ မြန်မာငွေ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Galaxy F22 မှာ Android 11 အခြေပြု One UI 3.1 မောင်းနှင်ထားပြီး ၆.၄ လက်မ HD+ 700x1600p sAMOLED Infinity-U မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားပြီး MediaTek Helio G80 SoC မောင်းနှင်ထားပြီး 1TB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ ရှယ်သိမ်းနိုင်ပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide, 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 13MP ဖြစ်ပါတယ်။ 25W Fast Charging ထောက်ပံ့တဲ့ 6,000mAh ဘက်ထရီက အမိုက်ဆုံးလို့ ပြောရမှာပါ။

ဆက်သွယ်မှုအပိုင်းမှာ 4G LTE , Bluetooth v5, NFC တို့ ပါဝင်ပြီး လက်ဗွေရာ ကိရိယာ အပြင် Face Unlock ထောက်ပံ့ထားပါတယ်။ Samsung Pay Mini သုံးနိုင်ပြီး ၂၀၃ ဂရမ် အလေးချိန်ရှိကာ အရွယ်အစား အပြည့်အစုံက 159.9×74.0x9.3mm ဖြစ်ပါတယ်။

Ref : gadgets.ndtv

%d bloggers like this: