Samsung Galaxy Z Fold3 ကို အမြောက်အများ ထုတ်လုပ်နေပြီ

Samsung Galaxy Z Fold3 ရဲ့ သတင်းတွေထွက်နေတာ တော်တော်ကြာနေပါပြီ။ အခုတော့ Leakster ၁ ယောက် ဖြစ်တဲ့ Roland Quandt က အမြောက်အများ ထုတ်လုပ်နေပြီလို့ သတင်းပေးလိုက်ပါတယ်။ Samsung ဟာ အဲဒီ ဖုန်းအတွက် အဓိက အစိတ်အပိုင်း အားလုံးကို ထုတ်လုပ်ပြီးပြီလို့ သိရပါတယ်။ အဲဒီအတွက် Samsung Galaxy Z Fold3 ကို မျက်ဝါးထင်ထင်မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ ပေါက်ကြားသတင်းတွေအရ နောက်လမှာ ကြေညာနိုင်ပါတယ်။

Samsung ဟာ Galaxy Z Fold3 ကို အစောပိုင်းမှာ အကန့်အသတ်နဲ့ ထုတ်ပြီး စမ်းသပ်မယ်လို့ သတင်းထွက်နေပါတယ်။ Samsung ကတော့ တရားဝင် ကြေညာမယ့် နေ့ရက်ကို မပြောသေးပါဘူး။ Samsung Galaxy Z Fold3 နဲ့အတူ တခြား Z Series ဖုန်းတွေကိုလည်း ကြေညာနိုင်ပါတယ်။

ပေါက်ကြားသတင်းတွေအရ Samsung Galaxy Z Fold3 မှာ ၇.၅၅ လက်မ LTPO AMOLED မျက်နှာပြင် ပါလာနိုင်ပြီး 120Hz Refresh Rate နဲ့ S Pen ထောက်ပံ့ထားနိုင်ပါတယ်။ ပင်မ မျက်နှာပြင်ရဲ့ အောက်မှာ 16MP Sony IMX 471 Sensor မြှပ်နှံထားနိုင်ပြီး အပြင်ဘက်က မျက်နှာပြင် အသေးမှာ 10MP ဆဲလ်ဖီး ကင်မရာ ၁ လုံးလည်း ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာတော့ အရင်နှစ်ထုတ် မော်ဒယ်မှာလို 12MP Wide, Ultrawide နဲ့ Telephoto ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: