AMOLED မျက်နှာပြင်နဲ့ SpO2 Sensor ပါတဲ့ OnePlus Watch ကို ကြေညာ

OnePlus က ကာလရှည်ကြာသတင်းထွက်နေတဲ့ ပထမဆုံး စမတ်နာရီကို ကြေညာလိုက်ပါပြီ။ OnePlus Watch လို့နာမည်ပေးထားပြီး မျက်နှာပြင် အဝိုင်း ဖြစ်ပါတယ်။ ရိုးရိုး နာရီတွေနဲ့ ဒီဇိုင်း ဆင်တူပြီး တော်တော်လှပါတယ်။ 46mm Stainless Steel Case တပ်ဆင်ထားပြီး မျက်နှာပြင်မှာ 2.5D Curved Glass အုပ်ထားပါတယ်။

OnePlus Watch မှာ ၁.၃၉ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး ဖုန်းက Notification တွေကို ကြည့်နိုင်သလို ဖုန်း ပြောနိုင်ပါသေးတယ်။ ဖုန်းက သီချင်းတွေ နားထောင်နိုင်ပြီး ဓါတ်ပုံ ရိုက်နိုင်ပါတယ်။ 4GB Storage ပါလာပြီး သီချင်း ၅၀၀ သိမ်းထားနိုင်ပါတယ်။ Bluetooth Earbuds အများစုနဲ့သူ့ကို တွဲဖက်သုံးနိုင်ပြီး OnePlus TV နဲ့ ချိတ်ဆက်ကာ အသံနဲ့ ပါဝါ အဖွင့်၊ အပိတ်ကို ထိန်းချုပ်နိုင်ပါတယ်။

ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်တဲ့ IP68 စံနှုန်း ပါလာပြီး Workout Types ပေါင်း ၁၁၀ ကျော်ထောက်ပံ့ထားပါတယ်။ GPS ပါတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုတွေကို တိကျစွာ တိုင်းတာပေးနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာပေးတဲ့ SpO2 Sensor ထည့်သွင်းထားပြီး စိတ်ဖိစီးမှု တွက်ချက်တာ၊ အသက်ရှူ လေ့ကျင့်ပေးတာ၊ နှလုံးခုန်နှုန်း တိုင်းတာတာနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းရင် သတိပေးတာ စတဲ့လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ အားလုံးကို OnePlus Health App ကနေ လွယ်ကူစွာ ထိန်းချုပ်နိုင်ပြီး ကုမ္ပဏီက RTOS အခြေပြု OS မောင်းနှင်ထားတယ်လို့ ပြောပါတယ်။ သုံးထားတဲ့ ပရော်ဆက်ဆာနဲ့ App Support ကို မသိရသေးပါဘူး။

OnePlus Watch မှာ 402mAh ဘက်ထရီ ပါလာပြီး ၂ ပတ်လောက် အချိန်ပြည့် သုံးနိုင်တာက မိုက်ပါတယ်။ အရမ်း သုံးရင်တောင် ၁ ပတ်လောက် ခံပြီး ၅ မိနစ်အားသွင်းရင် ၁ နေ့လုံး အသုံးခံတဲ့ Fast Charging ပါပါတယ်။

OnePlus Watch specifications

• 1.39-inch (454 x 454 pixels) AMOLED 326PPI screen, scratch resistant sapphire glass
• Support for Android 6.0 or later
• 110+ Workout modes including automatic workout detection for jogging and running
• Shows metrics such as pulse, distance, calories, speed monitoring and SWOLF efficiency for swimmers.
• Acceleration sensor, Gyroscope sensor, Geomagnetic sensor, Optical heart rate and blood oxygen sensor, Ambient light sensor, Air pressure sensor, Capacitance sensor
• Water resistant (5ATM / 50 Meters+ IP68)
• Bluetooth 5.0 LE, GPS, GLONASS, Galileo, Beidou
• 4GB storage for standalone music playback
• Microphone and speakers to attend calls
• Dimensions:46.4×46.4mm×10.9mm; Weight: Classic 45g(without strap / 76g (with strap), Cobalt Limited Edition 45g (without strap), 67g(with strap)
• 402mAh battery with up to 14 days for typical use, 5 days with sleep blood oxygen monitoring, 25 hours continuous exercise with GPS, 20-minute charge for a week’s use

OnePlus Watch Classic Edition အတွက် Midnight Black နဲ့ Moonlight Silver ၂ ရောင် ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ဧပြီလ အတွင်း ၁၆,၉၉၉ ရူပီးနဲ့ ရောင်းမှာပါ။ ၃ သိန်း ၃ သောင်းလောက် ရှိတဲ့အတွက် ဈေး မသေးပါဘူး။

Ref : fonearena

%d bloggers like this: