FHD+ 120Hz Fluid AMOLED မျက်နှာပြင်နဲ့ SD870 ပါတဲ့ OnePlus 9R ကို ကြေညာ

OnePlus က စွမ်းရည်သင့် 9R ကို ကြေညာလိုက်ပြီး ၆.၅၅ လက်မ FHD+ Fluid AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ HDR10+ နဲ့ 20:9 Aspect Ratio တွေ ထည့်သွင်းထားပါတယ်။ 16MP Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Gorilla Glass အပြားနဲ့ ကာကွယ်ထားပါတယ်။ Snapdragon 870 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ အပူချိန်လျှော့ချပေးတဲ့ Vapor Chamber ပါတဲ့အတွက် ဂိမ်း ကစားရင် မိုက်ပါတယ်။ Android 11 အခြေပြု OxygenOS 11 မောင်းနှင်ထားပြီး အနောက်ဘက်ကို ပလတ်စတစ်နဲ့ ဖုံးအုပ်ထားပါတယ်။

အနောက်ဘက်မှာ 48MP Main , 16MP Ultrawide , 5MP Macro နဲ့ 2MP Monochrome ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး Warp Charge 65W Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ၂၉ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပြီး 45W PD Charging က တခြား ဖုန်း ၊ တက်ဘလက်နဲ့ လက်ပ်တော့တွေကို အားသွင်းပေးနိုင်တာက မိုက်ပါတယ်။

OnePlus 9R specifications

• 6.55-inch (1080 x 2400 pixels) Full HD+ 402 ppi 20:9 Fluid AMOLED display with 120Hz refresh rate, HDR 10+, 1100 nits brightness, Corning Gorilla Glass protection
• Octa Core (1 x 3.2GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 870 7nm Mobile Platform with Adreno 650 GPU
• 8GB LPDDR5 RAM with 128GB (UFS 3.1) storage / 12GB LPDDR4X RAM with 256GB (UFS 3.1) storage
• Android 11 with OxygenOS 11
• Dual SIM (nano + nano)
• 48MP rear camera with Sony IMX586 sensor, f/1.7 aperture, OIS + EIS, 16MP ultra-wide camera with Sony IMX481 sensor, f/2.2 aperture, 5MP macro camera, 2MP monochrome camera, 4K video at 60fps, 720p slow motion at 480fps, 1080p slow motion at 240fps
• 16MP front-facing camera with 1/1.43″ Sony IMX471 sensor, f/2.4 aperture, EIS
• In-display fingerprint sensor
• Dimensions: 161×74.1×8.4mm; Weight: 189g
• USB Type-C audio, Dual Stereo speakers, Dolby Atmos
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax 2X2 MIMO, Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, USB Type-C, NFC
• 4500mAh battery with Warp Charge 65 Fast Charging (10V/6.5A)

OnePlus 9R အတွက် Carbon Black နဲ့ Lake Blue ၂ ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၃၉,၉၉၉ နဲ့ 12/256GB ကို ၄၃,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၇ သိန်း ၈ သောင်းနဲ့ ၈ သိန်း ၅ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး အိန္ဒိယမှာ မကြာခင် ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: