QHD+ 120Hz AMOLED မျက်နှာပြင်နဲ့ SD888 ပါတဲ့ OnePlus 9 Pro ကို ကြေညာပြီ

OnePlus 9 Pro ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး ၆.၇ လက်မ Quad HD Fluid E4 AMOLED LTPO မျက်နှာပြင်နဲ့ User သုံးတဲ့အပေါ် မူတည်ကာ သင့်တော်သလို ပြောင်းလဲပေးနိုင်တဲ့ Smart 120Hz လုပ်ဆောင်ချက် ပါလာပါတယ်။ 360Hz Touch Sampling Rating ထောက်ပံ့တဲ့အတွက် ဂိမ်း ကစားရင် အရမ်း ကောင်းပါတယ်။

HDR10+ နဲ့ 20:9 Aspect Ratio ပါလာပြီး 16MP Punch Hole ကင်မရာ ၁ လုံး ထည့်ထားပါတယ်။ Octa-core Snapdragon 888 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ အပူချိန်လျှော့ချပေးတဲ့ နည်းပညာ ပါလာပြီး Android 11 အခြေပြု OxygenOS 11 မောင်းနှင်ထားပါတယ်။

Hasselblad Camera for Mobile အသစ် တပ်ဆင်ထားပြီး ပရော်ဖက်ရှင်နယ်ကျကာ သဘာဝကျတဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အနောက်ဘက်မှာ 48MP Main , 50MP Ultrawide , 8MP Telephoto (3.3x Optical Zoom နဲ့ 30x Digital Zoom) နဲ့ 2MP Monochrome ကင်မရာတွေ တပ်ဆင်ထားပြီး 4K 120 fps video recording, 12-bit RAW in Pro mode, Nightscape Video 2.0, UltraShot HDR, Tilt-shift mode, Video HDR, Video Portrait, Focus Tracking နဲ့ တခြား ကင်မရာ လုပ်ဆောင်ချက်တွေ ပါပါတယ်။

အနောက်ဘက်မှာ 3D Gorilla Glass နဲ့ ကာကွယ်ထားပြီး 65W Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားကာ ၂၉ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ 45W PD Charging က တခြား ဖုန်း ၊ လက်ပ်တော့နဲ့ တက်ဘလက်တွေကို အားသွင်းပေးနိုင်ပါတယ်။ ၄၃ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်တဲ့ 50W Warp Charge 50 Wireless Fast Charging ထောက်ပံ့ထားပါတယ်။

OnePlus 9 Pro specifications

• 6.7-inch (1440 x 3216 pixels) Quad HD+ 525 ppi 20.1:9 Fluid AMOLED display with LTPO, Smart 120Hz refresh rate, HDR 10+, 1300 nits brightness, sRGB, Display P3, 10-bit color depth, Corning Gorilla Glass protection
• Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• 8GB LPDDR5 RAM with 128GB (UFS 3.1) storage / 12GB LPDDR4X RAM with 256GB (UFS 3.1) storage
• Android 11 with OxygenOS 11
• Dual SIM (nano + nano)
• 48MP rear camera with 1/1.43″ Sony IMX789 sensor, f/1.8 aperture, OIS + EIS, 50MP 1/1.56″ ultra-wide camera with f/2.2 aperture, 1/1.56″ Sony IMX766 sensor, 4cm macro, 8MP telephoto camera with 1.0 μm pixel size, OIS, f/2.4 aperture, 3.3x optical zoom and 30x digital zoom, 2MP monochrome camera, 8k video at 30 fps, 4K video at 120fps, 720p slow motion at 480fps, 1080p slow motion at 240fps
• 16MP front-facing camera with 1/1.43″ Sony IMX471 sensor, f/2.4 aperture, EIS
• In-display fingerprint sensor
• Dimensions: 163.2×73.6×8.7mm; Weight: 197g
• USB Type-C audio, Dual Stereo speakers, Dolby Atmos
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax 2X2 MIMO, Bluetooth 5.2, GPS (L1+L5 Dual Band) + GLONASS, USB Type-C, NFC
• 4500mAh battery with Warp Charge 65 Fast Charging (10V/6.5A), 50W wireless charging

OnePlus 9 Pro အတွက် Morning Mist , Forest Green နဲ့ Stellar Black ၃ ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၆၄,၉၉၉ ရူပီး၊ 12/256GB ကို ၆၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၁၂ သိန်း ၆ သောင်းနဲ့ ၁၃ သိန်း ၆ သောင်း အသီးသီး ကျသင့်ပြီး အိန္ဒိယမှာ ဒီလ ၃၁ ရက်နေ့ ရောင်းမှာပါ။ တခြား နိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: