SD888 နဲ့ FHD+ 120Hz AMOLED မျက်နှာပြင် ပါတဲ့ OnePlus 9 ကို ကြေညာ

OnePlus က စွမ်းရည်မြင့် OnePlus 9 ကို ၂၃ ရက်နေ့က ကြေညာလိုက်ပါပြီ။ သူ့မှာ ၆.၅၅ လက်မ FHD+ Fluid AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ HDR10+ နဲ့ 20:9 Aspect Ratio တွေ ထည့်သွင်းထားပါတယ်။ 16MP Punch Hole ကင်မရာ ပါလာပြီး မျက်နှာပြင်ကို Gorilla Glass အပြားနဲ့ ကာကွယ်ထားပါတယ်။ Octa-core Snapdragon 888 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ အပူလျှော့ချပေးတဲ့ နည်းပညာ ထည့်သွင်းထားပြီး Android 11 အခြေပြု OxygenOS 11 မောင်းနှင်ထားပါတယ်။

Hasselblad Camera for Mobile အသစ် ပါလာပြီး ပရော်ဖက်ရှင်နယ်ကျကာ သဘာဝကျတဲ့ ဓါတ်ပုံတွေ ဖမ်းယူပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အနောက်ဘက်မှာ 48MP Main , 50MP Ultrawide , 2MP Monochrome ကင်မရာ ၃ လုံး ပါလာပြီး Ultrawide က 4cm Macro ဓါတ်ပုံတွေလည်း ဖမ်းယူပေးနိုင်ပါတယ်။ 12-bit RAW in Pro mode, Nightscape Video 2.0, UltraShot HDR, Tilt-shift mode, Video HDR, Video Portrait, Focus Tracking နဲ့ တခြား ကင်မရာ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

အနောက်ဘက်ကို 3D Gorilla Glass နဲ့ ကာကွယ်ထားပြီး Warp Charge 65W Charging ပါတဲ့ 4,500mAh ဘက်ထရီ တပ်ဆင်ထားကာ ၂၉ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ 45W PD Charging က တခြား ဖုန်း ၊ လက်ပ်တော့၊ တက်ဘလက်တွေကို အားသွင်းပေးနိုင်ပြီး မြောက်အမေရိကနဲ့ ဥရောပ မော်ဒယ်တွေမှာ 15W Qi Wireless Charging ပံ့ပိုးထားပါတယ်။

OnePlus 9 specifications

• 6.55-inch (1080 x 2400 pixels) Full HD+ 402 ppi 20:9 Fluid AMOLED display with 120Hz refresh rate, HDR 10+, 1100 nits brightness, Corning Gorilla Glass protection
• Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• 8GB LPDDR5 RAM with 128GB (UFS 3.1) storage / 12GB LPDDR4X RAM with 256GB (UFS 3.1) storage
• Android 11 with OxygenOS 11
• Dual SIM (nano + nano)
• 48MP rear camera with 1/1.43″ Sony IMX689 sensor, f/1.8 aperture, EIS, 50MP 1/1.56″ ultra-wide camera with f/2.2 aperture, 1/1.56″ Sony IMX766 sensor, 4cm macro, 2MP monochrome camera, 8k video at 30 fps, 4K video at 60fps, 720p slow motion at 480fps, 1080p slow motion at 240fps
• 16MP front-facing camera with 1/1.43″ Sony IMX471 sensor, f/2.4 aperture, EIS
• In-display fingerprint sensor
• Dimensions: 160×73.9×8.1mm; Weight: 183g
• USB Type-C audio, Dual Stereo speakers, Dolby Atmos
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax 2X2 MIMO, Bluetooth 5.2, GPS (L1+L5 Dual Band) + GLONASS, USB Type-C, NFC
• 4500mAh battery with Warp Charge 65 Fast Charging (10V/6.5A), 15W Qi wireless charging (North America / Europe)

OnePlus 9 အတွက် Winter Mist , Arctic Sky နဲ့ Astral Black ၃ ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၄၉,၉၉၉ ရူပီး၊ 12/256GB ကို ၅၄,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၉ သိန်း ၇ သောင်းနဲ့ ၁၀ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ အိန္ဒိယမှာ ဧပြီလ ၁၅ ရက်နေ့ ရောင်းပေးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: