SD720G နဲ့ 108MP ကင်မရာ ပါတဲ့ realme 8 Pro ကို ကြေညာ

realme 8 Pro ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး ၆.၄ လက်မ Full HD+ Super AMOLED မျက်နှာပြင်၊ 60Hz Refresh Rate နဲ့ 180Hz Touch Sampling Rate တွေ ထည့်သွင်းထားပြီး Screen to body Ratio က ၉၀.၈ ရာခိုင်နှုန်း ရှိပါတယ်။ Snapdragon 720G SoC မောင်းနှင်ထားပြီး အနောက်ဘက်မှာ 108MP Main , 8MP Ultrawide , 2MP Portrait နဲ့ 2MP Macro ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

ကင်မရာတွေမှာ 3X In-sensor Zoom, Tilt-shift Time-lapse Video, Starry Time-lapse Video, Starry Mode & Tilt-shift Mode, New Super Nightscape Mode, Ultra Nightscape Video, Neon Portrait, Dynamic Bokeh, Dual-view Video လုပ်ဆောင်ချက်တွေ ထောက်ပံ့ထားပါတယ်။

မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ Dare to Leap စာသားကို ကြီးကြီး ရေးထွင်းထားပါတယ်။ 50W SuperDart Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာပြီး ၄၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

realme 8 Pro specifications

• 6.4-inch (2400 × 1080 pixels) 20:9 Full HD+ Super AMOLED screen, up to 1000 nits brightness
• Octa Core Snapdragon 720G 8nm Mobile Platform (Dual 2.3GHz Kryo 465 A76 + Hexa 1.8GHz Kryo 465 A55 CPUs) with Adreno 618 GPU
• 6GB / 8GB LPPDDR4x RAM with 128GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• Android 11 with realme UI 2.0
• 108MP rear camera with 1/1.52″ Samsung HM2 sensor, 0.7μm pixel size, f/1.88 aperture, LED flash, UIS/UIS Max, 8MP 119° ultra-wide angle lens with f/2.25 aperture, 2MP B&W portrait camera and 2MP 4cm macro sensor with f/2.4 aperture
• 16MP front camera with f/2.45 aperture, Sony IMX471 sensor
• In-display fingerprint sensor
• 3.5mm audio jack, Hi-Res Audio
• Dimensions: 160.6×73.9×8.1mm; Weight: 176g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS, USB Type-C
• 4500mAh (typical) battery with 50W VOOC SuperDart Charge fast charging

realme 8 Pro အတွက် Infinite Blue , Infinite Black နဲ့ Illuminating Yellow ၃ ရောင် ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၁၇,၉၉၉ ၊ 8/128GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၃ သိန်းခွဲနဲ့ ၃ သိန်း ၉ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ အိန္ဒိယမှာ စတင် ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: