FHD+ AMOLED မျက်နှာပြင်နဲ့ 64MP ကင်မရာ ပါတဲ့ realme 8 ကို ကြေညာ

realme 8 ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး ၆.၄ လက်မ Full HD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 60Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထောက်ပံ့ထားပြီး Sceen to body Ratio က ၉၀.၅ ရာခိုင်နှုန်း ရှိပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Portrait , 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

MediaTek Helio G95 SoC မောင်းနှင်ထားပြီး Copper Liquid Cooling နည်းပညာ ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အနောက်ဘက်မှာ အရောင် ၂ ရောင် ဒီဇိုင်း သုံးထားပါတယ်။ 30W SuperDart Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ ၂၆ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

realme 8 specifications

• 6.5-inch (2400 × 1080 pixels) Full HD+ AMOLED screen with up to 1000 nits brightness
• Octa Core MediaTek Helio G95 12nm processor (Dual 2.05GHz A76 + Hexa 2GHz A55 CPUs) with 900MHz Mali-G76 3EEMC4 GPU
• 4GB / 6GB / 8GB (LPPDDR4x) RAM with 128GB (UFS 2.1) storage, expandable memory up to 256GB with microSD
• Dual SIM (nano + nano + microSD)
• Android 11 with realme UI 2.0
• 64MP rear camera with 0.8μm pixel size, f/1.79 aperture, LED flash, UIS/UIS Max, 8MP 119° ultra-wide angle lens with f/2.3 aperture, 2MP B&W portrait camera and 2MP 4cm macro sensor with f/2.4 aperture
• 16MP front camera with f/2.45 aperture, Sony IMX471 sensor
• In-display fingerprint sensor
• 3.5mm audio jack
• Dimensions: 160.5×73.9×7.99mm; Weight: 177g
• Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 5000mAh (typical) battery with 30W Dart Charge fast charging

realme 8 အတွက် Cyber Silver နဲ့ Cyber Black ၂ ရောင် ထုတ်လုပ်ထားပြီး 4/128GB ကို ၁၄,၉၉၉ ရူပီး၊ 6/128GB ကို ၁၅,၉၉၉ ရူပီးနဲ့ 8/128GB ကို ၁၆,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂ သိန်း ၉ သောင်းလောက် တန်ကြေးရှိပြီး အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: