120Hz AMOLED မျက်နှာပြင် ပါတဲ့ Vivo X60 နဲ့ X60 Pro ကို အိန္ဒိယမှာ ကြေညာပြီ

Vivo က အိန္ဒိယမှာ X60 နဲ့ X60 Pro ကို ကြေညာလိုက်ပြီး သူတို့မှာ ၆.၅၆ လက်မ FHD+ HDR10+ AMOLED မျက်နှာပြင် ပါလာပါတယ်။ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေ ထောက်ပံ့ထားပြီး 32MP Punch Hole ကင်မရာ ပါလာပါတယ်။ X60 Series မှာ Snapdragon 870 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ပါတယ်။

X60 Pro ရဲ့ အနောက်ဘက်မှာ Zeiss Optics Lenses တွေ ထည့်သွင်းထားပြီး 48MP Main (2nd Gen 4-Axis OIS Anti-shake ) , 13MP 50mm Portrait , 13MP 120 Degree Wide-angle နဲ့ 8MP 5x Periscope Telephoto (60x Zoom) ကင်မရာတွေ ပါလာပါတယ်။ X60 မှာတော့ Periscope ကင်မရာ မပါလာပါဘူး။ X60 ဟာ လက်ရှိမှာ အပါးလွှာဆုံး 5G ဖုန်း ဖြစ်ပြီး Vivo က ၇.၃၆ မီလီမီတာပဲ ထူတယ်လို့ ပြောပါတယ်။

Vivo X60 and X60 Pro specifications

• 6.56-inch (2376×1080 pixels) Full HD+ 19.8:9 E3 AMOLED 120Hz (curved in X60 Pro) HDR10+ display
• Octa Core (1 x 3.2GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 870 7nm Mobile Platform with Adreno 650 GPU
• 8GB LPDDR5 RAM, 128GB (UFS 3.1) storage (X60) / 12GB LPDDR5 RAM, 256GB (UFS 3.1) storage (X60 and X60 Pro)
• Android 11 with Funtouch OS 11.1
• Dual SIM (nano + nano)
• 48MP rear camera with Sony IMX598 sensor, f/1.48 aperture LED flash, Gimbal Stabilization 2.0 (only in X60 Pro), 5-axis VIS, 13MP 120° ultra-wide lens with 2.5cm macro, f/2.2 aperture, 13MP 50mm portrait camera with f/2.46 aperture, 2x optical zoom
• 32MP front-facing camera with f/2.45 aperture
• In-display fingerprint sensor
• USB Type-C Audio
• X60 Dimensions: 159.63×75.01×7.36mm (Midnight Black) / 7.40mm (Shimmer Blue); Weight: 176g (Midnight Black) / 177g (Shimmer Blue)
• X60 Pro Dimensions: 158.58×73.24×7.59mm (Midnight Black) / 7.69mm (Shimmer Blue); Weight: 177g (Midnight Black) / 179g (Shimmer Blue)
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ax, Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, USB Type-C
• 4300mAh (X60) / 4200mAh (X60 Pro) battery with 33W fast charging

Vivo X60 and Vivo X60 Pro Price and Availability

Vivo X60 နဲ့ X60 Pro အတွက် Midnight Black နဲ့ Shimmer Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။ X60 8/128GB ကို ၃၇,၉၉၀ ရူပီး ၊ 12/256GB ကို ၄၁,၉၉၀ ရူပီး သတ်မှတ်ထားပြီး ၇ သိန်း ၄ သောင်းနဲ့ ၈ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်ပါတယ်။ X60 Pro 12/256GB ကို ၄၉,၉၉၀ ရူပီး သတ်မှတ်ထားပြီး ၉ သိန်း ၇ သောင်းလောက် တန်ပါတယ်။ အိန္ဒိယမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: