FHD+ မျက်နှာပြင်နဲ့ Snapdragon 870 5G ပါတဲ့ Moto G100 ကို ကြေညာပြီ

Motorola က စွမ်းရည်သင့် 5G ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Moto G100 လို့ နာမည်ပေးထားပြီး သူဟာ တရုတ်မှာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ Motorola Edge S ရဲ့ နိုင်ငံတကာမော်ဒယ် ဖြစ်ပါတယ်။ သူ့မှာ ၆.၇ လက်မ 21:9 FHD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်က Punch Hole မှာ 16MP+8MP Ultrawide ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး နောက်ဆုံးထုတ် Snapdragon 870 SoC မောင်းနှင်ထားပါတယ်။

အနောက်ဘက်မှာ 64MP Main , 16MP Ultrawide , 2MP Depth နဲ့ ToF ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ 20W Turbo Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Moto G100 specifications

• 6.7-inch (2520× 1080 pixels) Full HD+ LCD screen with 21:9 aspect ratio, 90Hz refresh rate, 560 nits brightness, HDR10, DCI-P3 Color Gamut
• Octa Core (1 x 3.2GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 870 7nm Mobile Platform with Adreno 650 GPU
• 8GB LPPDDR5 RAM with 128GB (UFS 3.1) storage / 12GB LPPDDR5 RAM, 256GB (UFS 3.1) storage, expandable memory up to 1TB with micrSD
• Hybrid Dual SIM (nano + nano / microSD)
• Android 11
• 64MP Quad Pixel rear camera with f/1.7 aperture, PDAF, LED flash, 16MP 117° ultra-wide angle lens with PDAF, 2.8cm macro, f/2.2 aperture, 2MP depth sensor with f/2.4 aperture, TOF advanced Laser Autofocus, audio zoom, Ring flash
• 16MP Quad Pixel front-facing camera with f/2.2 aperture, 8MP 118° ultra-wide camera with f/2.4 aperture
• Side-mounted fingerprint sensor, Google Assistant button
• 3.5mm audio jack, Bottom-ported speaker
• Splash resistant (P2i)
• Dimensions:168.38 x 73.97 x 9.69mm; Weight: 207g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 5000mAh (Typical) battery with 20W turbo charging

Iridescent Ocean နဲ့ Iridescent Sky ၂ ရောင် ထုတ်လုပ်ထားပြီး ၅၀၀ ယူရို သတ်မှတ်ထားပါတယ်။ ၈ သိန်း ၃ သောင်းလောက်တန်ကြေးရှိပြီး ဥရောပ ၊ ဗြိတိန်နဲ့လက်တင်အမေရိကမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: