SD768G နဲ့ 64MP ကင်မရာ ပါတဲ့ iQOO Z3 5G ကို ကြေညာပြီ

iQOO က တန်ဖိုးနည်း 5G ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ iQOO Z3 5G လို့ နာမည်ပေးထားပြီး ၆.၅၈ လက်မ FHD+ LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Screen-to-body Ratio က ၉၀.၆၁ ရာခိုင်နှုန်း ရှိပြီး 120Hz Refresh Rate နဲ့ 180Hz Touch Sampling Rate က မိုက်ပါတယ်။ 16MP ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပြီး Snapdragon 768G Chipset မောင်းနှင်ထားပါတယ်။ 8GB RAM ထည့်ထားပြီး 11GB RAM နဲ့ ညီမျှစေတဲ့ Memory Fusion နည်းပညာက လန်းပါတယ်။

အပူလျှော့ချပေးတဲ့ နည်းပညာ တပ်ဆင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 4D Game Vibration ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 64MP အပါအဝင် ကင်မရာ ၄ လုံး ပါလာပြီး 55W Flash Charging ထောက်ပံ့တဲ့ 4400mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

iQOO Z3 5G specifications

• 6.58-inch (2408 × 1080 pixels) Full HD+ LCD 20:9 aspect ratio screen with HDR10+, 96% NTSC Colour Gamut, 120Hz refresh rate
• Octa Core (1 x 2.8GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 768G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB / 8GB LPDDR4x RAM with 128GB (UFS 2.2) storage / 8GB LPDDR4x RAM with 256GB (UFS 2.2) storage
• Android 12 with iQOO UI 1.0
• Dual SIM (nano + nano)
• 64MP primary camera with LED flash, Samsung ISOCELL GW3 sensor, f/1.79 aperture, EIS, 8MP ultra-wide camera with f/2.2 aperture, and 2MP depth sensor with f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack
• Dimensions:163.95×75.30×8.50mm; Weight:185.5g
• 5G SA/NSA, Dual 4G VoLTE, WiFi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS/GLONASS, USB Type-C
• 4400mAh (Typical) battery with 55W fast charging

iQOO Z3 5G အတွက် Deep Black , Nebula နဲ့ Cloud Blue ၃ ရောင် ထုတ်လုပ်ထားပါတယ်။ 6/128GB ကို ၁၆၉၉ ယွမ်၊ 8/128GB ကို ၁၇၉၉ ယွမ်၊ 8/256GB ကို ၁၉၉၉ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃ သိန်း ၆ သောင်းလောက်ပဲ ရှိပါတယ်။ တရုတ်မှာ ဧပြီလ ၁ ရက်နေ့ ရောင်းမှာပါ။

ref : fonearena

%d bloggers like this: