4K မျက်နှာပြင် ပါတဲ့ Redmi Smart TV X50 , X55 နဲ့ X65 ကို ကြေညာ

Redmi က သူ့ရဲ့ ပထမဆုံး စမတ်တီဗီတွေကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ ၅၀ ၊ ၅၅ နဲ့ ၆၅ လက်မ အရွယ်အစားတွေ ဖြစ်ပြီး 4K မျက်နှာပြင်တွေ ပါပါတယ်။ Dolby Vision , HDR , HDR 10+ ထောက်ပံ့ထားပြီး MEMC Chip နဲ့ Automatic Low Latency Mode ပါတဲ့အတွက် အားကစားပွဲတွေကြည့်ရင် ၊ ဂိမ်းကစားရင် အရမ်းကောင်းပါတယ်။

Android TV 10 မောင်းနှင်ထားပြီး Google Assistant နဲ့ Chromecast ပါပါတယ်။ Dolby Atmos စပီကာတွေ တပ်ဆင်ထားပြီး Xiaomi IoT Device တွေကို စစ်ဆေးနိုင်တဲ့ Smart Home App ပါပါတယ်။ Remote မှာ Quick Mute ခလုတ် တပ်ဆင်ထားပြီး အသံကို မြန်မြန် ပိတ်နိုင်ပါတယ်။

Redmi Smart TV X50, X55 and X65 specifications

• 50 / 55 / 65-inch (3840 × 2160 pixels) 4K display with 178-degree viewing angle, 92% DCPI-3 color gamut, Dolby Vision, HDR 10+, HLG, Reality Flow, Auto Low Latency Mode, 5ms response time
• Quad core MediaTek MT9611 (A55) processor with Mali G52 MP2 GPU
• 2GB RAM, 16GB storage
• Android 10 with PatchWall
• WiFi 802.11 ac (2.4GHz / 5GHz) (2×2 MIMO), Bluetooth 5.0, 3 x HDMI 2.1 with eARC, 2 x USB, Optical, AUX port, Ethernet
• AV1, H.265, H.264, H.263, VP8/VP9. MPEG1/2 etc
• Mi Voice remote
• 30W (15W x 2) speakers, Dolby Audio, DTS Virtual: X, Dolby Atmos pass through via e-ARC

Redmi Smart TV X50 ကို ၃၂,၉၉၉ ရူပီး၊ X55 ကို ၃၈,၉၉၉ ရူပီးနဲ့ X65 ကို ၅၇,၉၉၉ ရူပီး သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၆ သိန်း ၄ သောင်းလောက် ရှိပါတယ်။ မတ်လ ၂၆ ရက်နေ့ Amazon.in , mi.com , Mi Home နဲ့ Mi Studio တို့ကနေ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: