120Hz AMOLED နဲ့ SD870 ပါတဲ့ iQOO Neo 5 5G ကို ကြေညာ

iQOO က စွမ်းရည်သင့် 5G ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ iQOO Neo 5 5G လို့ နာမည်ပေးထားပြီး ၆.၆၂ လက်မ Full HD+ 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 300Hz Touch Sampling Rate ထောက်ပံ့ထားတဲ့အတွက် ဂိမ်းကစားရင် မျက်နှာပြင် တုန့်ပြန်မှု ကောင်းပါတယ်။

Snapdragon 870 Chipset မောင်းနှင်ထားပြီး Liquid Cooling System ကြောင့် ဂိမ်းကစားရင် အပူမလွန်ကဲအောင် ကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး 4D Game Vibration 3.0 ပါပါတယ်။ အနောက်ဘက်မှာ 48MP Main , 13MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP Punch Hole ကင်မရာ တပ်ဆင်ထားပါတယ်။ 66W Wired Fast Charging ပါတဲ့ 4,400mAh ဘက်ထရီ ထည့်သွင်းထားပြီး မိနစ် ၃၀ အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

iQOO Neo 5 5G specifications

• 6.62-inch (2400×1080 pixels) Full HD+ AMOLED 20:9 aspect ratio screen with HDR10+, 120Hz refresh rate, 105% NTSC color gamut, up to 1,300 nits brightness
• Octa Core (1 x 3.2GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 870 7nm Mobile Platform with Adreno 650 GPU
• 8GB LPDDR5 RAM with 128GB (UFS 3.1) storage, 8GB / 12GBLPDDR5 RAM with 256GB (UFS 3.1) storage
• Android 11 with OriginOS
• Dual SIM (nano + nano)
• 48MP camera with IMX598 sensor, f/1.79 aperture, LED flash, OIS, 13MP 120° ultra-wide sensor with f/2.2 aperture, 2.5cm macro support, 2MP mono sensor with f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• In-display fingerprint sensor
• USB Type-C audio, Stereo speakers, Hi-Fi audio
• Dimensions: 163.34x 76.37x 8.43mm; Weight:196g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS/GLONASS, USB Type-C
• 4,400mAh (Typical) battery with 66W superfast flash charging

iQOO Neo 5 5G အတွက် Black , Cloud Blue နဲ့ Pixel Orange ၃ ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၂,၄၉၉ ယွမ် ၊ 8/256GB ကို ၂,၆၉၉ ယွမ်နဲ့ 12/256GB ကို ၂,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၅ သိန်း ၄ သောင်းလောက်ကျသင့်ပါတယ်။

ref : fonearena

%d bloggers like this: