OPPO A94 ကို စင်ကာပူမှာ ရောင်းပြီ

OPPO ဟာ ဒီလ အစောပိုင်းမှာ A94 ကို ယူအေအီးမှာ ကြေညာခဲ့ပြီး သူဟာ တကယ်တော့ Reno5 F ကို နာမည်ပြောင်း ရောင်းချတာပါ။ အခုတော့ သူ့ကို စင်ကာပူမှာ SGD429 နဲ့ ရောင်းပေးလိုက်ပြီး ၄ သိန်းခွဲလောက်တန်ကြေးရှိပါတယ်။

OPPO A94 မှာ Helio P95 SoC မောင်းနှင်ထားပါတယ်။ သူ့မှာ ၆.၄၃ လက်မ Full HD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Android 11 အခြေပြု ColorOS 11.1 မောင်းနှင်ထားပါတယ်။ 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 48MP Main နဲ့ 8MP Ultrawide , 2MP Macro , 2MP Monochrome ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ ။ OPPO A94 မှာ AI Color Portrait Video , Monochrome Video , Dual View Video လုပ်ဆောင်ချက်တွေ ပါလာပါတယ်။

30W Charging ပါတဲ့ 4,310mAh ဘက်ထရီ ထည့်သွင်းထားပြီး နားကြပ်ပေါက်၊ USB-C Port နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတွေ ပါလာပါတယ်။ Fluid Black နဲ့ Fantastic Purple ၂ ရောင် ထုတ်လုပ်ထားပြီး OPPO ရဲ့ စင်ကာပူ အွန်လိုင်း စတိုးမှာ ဝယ်ယူနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: